DVB Logo
Home
မြန်မာသတင်း
မွေးရာပါ မသန်စွမ်း မထူးထူးမွန်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချီးကျူးဂုဏ်ပြု
DVB
·
June 29, 2017
မွေးရာပါ မသန်စွမ်း မထူးထူးမွန်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချီးကျူးဂုဏ်ပြု
Donate to DVB

 

မွေးရာပါ ကိုယ်အင်္ဂါမပြည့်မစုံဖြစ်နေပေမယ့် ၁၀ တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သူ "မထူးထူးမွန်" ကို ၂၀၁၇ ခုနှစ်၊ ဇွန်လအတွက် ချီးကျူးဂုဏ်ပြု ထိုက်သူအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်လိုက်ပါတယ်။

မသန်စွမ်းသူလေး တက္ကသိုလ်ဝင်တန်းကျောင်းသူ မထူးထူးမွန်ဟာ အခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို ဒုတိယအကြိမ်ဖြေဆိုတာဖြစ်ပြီး အောင်မြင်ခဲ့သူဖြစ်ပါတယ်။

မထူးထူးမွန်ဟာ ညာဘက်လက်မှာ လက်ချောင်းတွေမပါရှိတာ၊ ဘယ်ဘက်လက်မှာ တံဆောင်ဆစ်အထိသာပါရှိတာ၊ ခြေထောက်နှစ်ဖက်ဟာ ဒူးခေါင်းအထိသာပါရှိတာ စတဲ့မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှုတွေနဲ့ မွေးဖွားကြီးပြင်လာသူဖြစ်ပေမယ့် မလျော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ကြိုးစားအားထုတ်မှုကြောင့် ၂၀၁၆ - ၁၇ ပညာသင်နှင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့သူ လူငယ်တဦးဖြစ်ပါတယ်။

သူဟာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ် သဖန်ဆိပ်ကျေးရွာမှာ အဖ ဦးမြင့်ငွေ (တောင်သူ၊ ကွယ်လွန်)နဲ့ အမိ ဒေါ်စက်ငွေ (တောင်သူ) တို့မှ ၂၇- ၁၁ -၁၉၉၈  ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

မိသားစုစာဝတ်နေရေး အဆင်မပြေပေမယ့် မိဘဖြစ်သူတွေက ကြိုးစားရုန်းကန် ကျောင်းထားပေးခဲ့ပြီး ကိုယ်တိုင်ကလည်း ကြိုးစားခဲ့တဲ့အတွက် သဖန်ဆိပ်ရွာ အလယ်တန်း ကျောင်းမှာ သတ္တမတန်းအထိ တနှစ်တတန်း အောင်မြင်ခဲ့ပါတယ်။

သတ္တမတန်းအောင်မြင်ပြီးနောက် မိသားစုစီးပွားရေးအခြေနေအရ ကျောင်းဆက်တက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ရပြီး ဦးခင်မောင်ဆွေရဲ့ ငွေကြေးထောက်ပံ့ ပညာဒါနပြုမှုနဲ့ အလယ်တန်းမက န၀မတန်းကို အောင်မြင်ခဲ့ပါတယ်။

မထူးထူးမွန်ရဲ့ ဇွဲ၊ လုံ့လ၊ ၀ီရယ၊ ကြိုးစားအားထုတ်မှု၊ ဦးခင်မောင်ဆွေရဲပံ့ပိုးမှု နဲ့ မိခင်ဖြစ်သူရဲ့ စောင့်ရှောက်မှုတို့နဲ့ ၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကလေးမြို့ စာစစ်ဌာနမှာ ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ပြုလွှာမှာလည်း “ခက်ခဲကြမ်းတမ်းသောဘ၀ကို ရန်လိုစိတ်ပျက်ခြင်းအလျဉ်းမရှိဘဲ ကြိုးပမ်းအားထုတ်ခဲ့သော မထူးထူးမွန်သည် ယနေ့ခေတ်လူငယ်များအတွက် အတုယူဖွယ်ရာ ကြိုးစားအားထုတ်မှုသင်္ကေတတရပ်ဖြစ်လာခဲ့ပြီ” လို့ ဂုဏ်ပြုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်က အခုလို ဂုဏ်ပြုတဲ့အပေါ် အတိုင်းမသိဝမ်းသာကြောင်း မထူးထူးမွန်က ပြောပါတယ်။

“သမီးအနေနဲ့ အရမ်းဝမ်းသာတယ်။ သမီးက အခုလို ၁၀ တန်းအောင်တဲ့အတွက် သူများတွေရဲ့ အထောက်အပံ့တွေလည်း အများကြီးလိုတယ်လေ။ ဒါကြောင့် ဒီလိုတင်ပေးတဲ့ အတွက် သမီးက ၀မ်းသာလွန်းလို့ ဘာပြောလို့ပြောရမှန်းကို မသိတော့ဘူး။ ”

မထူးထူးမွန်အနေနဲ့ သူ့ကိုပညာဒါန ထောက်ပံ့ပေးနေတဲ့ ဦးခင်မောင်ဆွေက ဒသမတန်းအောင်မြင်သည်အထိသာ တာဝန်ယူမယ်လို့ ပြောဆိုထားတဲ့အတွက် တက္ကသိုလ် ဆက်လက်သင်ကြားရေး အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013