ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသား အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ ပါတယ်။
အဲဒီဆွေးနွေးပွဲကို ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ကရင်လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ကရင်ပါတီတွေ တက်ရောက်ခဲ့ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးက ဒုတိယအကြိမ်ပင်လုံညီလာခံကနေ သဘောတူခဲ့တဲ့ အချက်အကြောင်းတွေ အနာဂတ် ဖက်ဒရယ် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတဲ့ အကြောင်းအရာတွေနဲ့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကျင်းပပြုလုပ်ခဲ့တာတွေ လူမျိုးအလိုက် ဒေသအလိုက် အကြောင်းအရာလိုက် ဆွေးနွေးမှုတွေကို ဆွေးနွေးသွားဖို့ရှိပါတယ်။











