DVB Logo
Home
မြန်မာသတင်း
ကြပ်စင်တံတား ပြီးစီးမှ မင်းပြား မြစ်ရေစီးကြောင်းလွှဲရန် စီစဉ်မည်
DVB
·
June 29, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြား မြစ်ရေစီးလမ်းကြောင်း ပြောင်းရွှေ့ဖို့ အစီအစဉ်ကို မင်းပြားမြစ်ထဲမှာ တည်ဆောက်နေတဲ့ ကြပ်စင်တံတား ပြီးစီးမှသာ ဆောင်ရွက်နိုင်မယ်လို့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

မင်းပြားမြို့ ကမ်းပါးမှာ နှစ်ပေါင်းများစွာ ရေတိုက်စားမှုတွေကြောင့် နေအိမ် ၅၀၀ ကျော် ဆုံးရှုံးခဲ့ရတဲ့ မင်းပြားမြစ် ရေစီးကြောင်းလွှဲပေးဖို့ အစီစဉ်ရှိ၊ မရှိကို မင်းပြားလွှတ်တော်အမတ် ဦးလှအောင်ညွန့် မေးမြန်းခဲ့ရာမှာ တည်ဆောက်နေဆဲ ကြပ်စင်တံတား ပြီးစီးမှသာ ဆောင်ရွက်နိုင်မယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦအောင်ကျော်ဇံ ပြန်လည်ဖြေကြားရာ “ကြပ်စင်တံတားဟာ မင်းပြားမြို့ရဲ့အောက်ဘက် တမိုင်ခန့်အကွာမှာ ရှိပြီးတော့ ကြပ်စင်တံတားကို တည်ဆောက်လျက်ရှိပါတယ်။ ဒါကြောင့် ကြပ်စင်တံတား ကျနော်တို့ ဆောင်ရွက်ဆဲ ရှိနေတဲ့အတွက်ကြောင့် တံတား ဆောင်ရွက်ပြီးမှာသာလျှင် မင်းပြားမြို့ပေါ်မှာ ဖြစ်ပေါ်လာမယ့် ရေစီးရေလာကို ကြည့်ရှုစစ်ဆေးပြီးတော့ စိစစ်သွားမှာဖြစ်ပါတယ်။ ကြည့်ရှုစိစစ်ပြီးတော့ ရလာတဲ့အပေါ်မှာပဲ ရေစီးရေလာရေကြောင်းတခုကို သက်ဆိုင်ရာ ပညာရှင်တွေအဖွဲ့နဲ့ ခေါ်ဆောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နှစ်စဉ် ကမ်းပါးတိုက်စားမှု အခြေအနေတွေကို ကာကွယ်ဖို့ အရင်နည်းလမ်းဟောင်းတွေလို ကမ်းပါးကို ကျောက်စီမြေဖို့ လုပ်ငန်းတွေကို အသုံးမပြုတော့ဘဲ မြစ်ရေစီးကြောင်းကို လမ်းကြောင်းပြောင်းခြင်း လုပ်ပေးနိုင်ဖို့ အစီအစဉ် ရှိ၊ မရှိကို ဇွန် ၂၈ ရက်နေ့မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ပဉ္စမပုံမှန် အစည်းအဝေး ဒုတိယနေ့မှာ မေးမြန်းခဲ့တာပါ။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလှအောင်ညွန့်က “မင်းပြားကိစ္စနဲ့ပတ်သက်ပြီးတော့ လုပ်ပေးမယ်ဆိုတာကို ဘာမှမပြောခဲ့ပါဘူး။ ကျနော်တို့ မင်းပြားမြို့ ကမ်းပြိုကိစ္စကို တောင်းဆိုရခြင်းက ပြည်သူတွေရဲ့ အခက်အခဲတွေကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ မင်းပြားမှာရှိတဲ့နေတဲ့ လူနေအိမ်တွေ ပြိုတယ်။ ကမ်းတွေ ပြိုတယ်။ ဒါကြောင့် ကျနော်တို့ မင်းပြားပြည်သူလူထုရဲ့ အခက်အခဲ မြောက်မြားစွာရှိလို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တောင်းဆိုရခြင်း ဖြစ်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မင်းပြား ကမ်းပါးပြိုကျရတာနဲ့ပတ်သက်ပြီး ကာကွယ်ဆောင်ရွက်နိုင်ဖို့ ခေတ်အဆက်ဆက် အစိုးရတွေ လုပ်ကိုင်ခဲ့သလို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်သန်း ၁၃၈ ဒသမ ၁၆ သန်း၊ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာနှစ်မှာ ပြည်နယ်အစိုးရရန်ပုံငွေနဲ့  ကျပ်သန်း ၂၀၀ ၊ ၂၀၁၄-၂၀၁၅ ထဲမှာပဲ ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၁၀၀ အသုံးပြုခဲ့သလို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာလည်း ကျပ်သန်း ၂၀၀ ကို အသုံးပြုခဲ့ပြီး ကျောက်စီမြေထိန်းနံရံတွေကို လုပ်ပေးခဲ့ပြီး ဖြစ်တယ်လို့ ပြည်နယ် လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦအောင်ကျော်ဇံက ပြောဆိုခဲ့ပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013