DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းခံသတင်းသမားများကိစ္စ လေ့လာသုံးသပ်မည်ဟု သူရဦးရွှေမန်းပြော
DVB
·
June 29, 2017
ထိန်းသိမ်းခံသတင်းသမားများကိစ္စ လေ့လာသုံးသပ်မည်ဟု သူရဦးရွှေမန်းပြော
Donate to DVB

 

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထိန်းသိမ်းခံသတင်းသမားတွေအတွက် ကော်မရှင်ကို တင်ပြလာပါက လေ့လာသုံးသပ်မယ်လို့ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) မှာ သတင်းသွားယူပြီး အပြန် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားတွေအတွက် ကော်မရှင်ကို တင်ပြလာပါက လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာကို တင်ပြသွားမယ်လို့ ပြည်ထောင်စုဥပဒေရေးရာနဲ့ အထူးကိစ္စရပ်တွေ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အခုလို ပြောပါတယ်။

“မတရားအသင်း ပုဒ်မ ၁၇/၁ နဲ့ပတ်သက်ပြီးတော့ ကော်မရှင်အနေနဲ့ ဒီအပေါ်ကို လေ့လာသုံးသပ်ဖို့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ပေါ့။ တကယ်လို့ ကော်မရှင်ကို ရောက်လာ မယ်ဆိုရင် ကော်မရှင်ရဲ့အတွေး၊ ကော်မရှင်ရဲ့ အမြင်တွေကို လေ့လာသုံးသပ်ပြီးတော့ သက်ဆိုင်ရာ တင်ပြသွားမှာဖြစ်ပါတယ်” လို့ ဦးရွှေမန်းက ပြောပါတယ်။

ဒါ့အပြင် ဦးရွှေမန်းက "သတင်းမီဒီယာတွေကို မတရားဖမ်းဆီး၊ ဥပဒေနဲ့ ငြိတယ်ဆိုပြီးတော့ တရားစွဲဆိုဖို့ ဆောင်ရွက်နေတဲ့ကိစ္စတွေရဲ့ ဒီဖြစ်စဉ်ဖြစ်ရပ်ကို မိမိအနေနဲ့ ဂဏဃနမသိသေးတဲ့ အတွက် လောလောဆယ်တော့ မဖြေကြားနိုင်သေးပါဘူး” လို့လည်း ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့က ဇေယျာသီရိမြို့နယ်၊ မအူးတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ ဘုန်းတော်ကြီးဓမ္မာရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပညာရည်ချွန်ဆု ချီးမြှင့်အခမ်းအနားမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဦးရွှေမန်းက ဖြေကြားခဲ့တာပါ။

တီအန်အယ်အေမှာ သတင်းသွားယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးတို့ကို  ဇွန် ၂၆ ရက်နေ့မှာ တပ်မတော်  ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါ ကားလမ်း၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဇွန် ၂၈ ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို တပ်မတော်က သီပေါရဲစခန်းမှာ မတရားအသင်းဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013