DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြ အလုပ်သမားများကို ရွှေည၀ါ ဆရာတော် စွန့်ကြဲ
DVB
·
February 21, 2012
ဆန္ဒပြ အလုပ်သမားများကို ရွှေည၀ါ ဆရာတော် စွန့်ကြဲ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်မှာ တနာရီလုပ်ခ တိုးမြှင့်ရေးအတွက် ဆန္ဒပြနေတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေကို ရွှေည၀ါဆရာတော်က အစားအသောက်တွေ သွားရောက် စွန့်ကြဲခိုင်းခဲ့ပါတယ်။

ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်က ရွှေည၀ါဆရာတော် ဘဒန္ဒ ဦးပညာသီဟက ဖေဖော်ဝါရီ ၁၈ ရက်နေ့ကတည်းက စာသင်တိုက်ကနေ ထွက်ခွာခဲ့ရပြီး ရန်ကုန်မြို့ပြင် မှော်ဘီ သဲအင်းဂူနားက နေရာသစ်မှာ သီတင်းသုံး နေရတာပါ။

ဆရာတော်ဟာ သူ့ကို ဒကာ၊ ဒကာမတွေ လာလှူထားတဲ့ အထဲကနေ စားသောက်စရာတွေကို ရက်ရှည် ဆန္ဒပြ အလုပ်သမားတွေအတွက် စွန့်ကြဲတာပါလို့ ဆရာတော်ကိုယ်စား သွားရောက်လှူဒါန်းခဲ့တဲ့ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့က သူတို့အလုပ်သမားတွေ ဆန္ဒပြခြင်း မပြခြင်းထက် ကျနော်တို့ရဲ့ ဆရာတော်ကြီးက ဒီလူတွေ လောလောဆယ် လုပ်ခမရှိဘူး၊ စားစရာတောင် မရှိဘူးဆိုတာ ကြားသိတော့ သူ့ကိုလှူဒါန်းထားတဲ့ အထဲကနေပြီးတော့ ပြန်ပြီးတော့ လောလောဆယ် စားစရာလေး အဆင်ပြေအောင်ဆိုပြီးတော့ လှူတာ။ ဒီမှာ လူဦးရေက အရမ်းများနေတော့ လှူတဲ့ပစ္စည်းက နည်းတော့ နည်းတာပေါ့နော်။ ဒါပေမယ့် ကိုယ်တတ်နိုင်သမျှလေး လှူတာပေါ့နော်။ နောက်ရက်ကိုလည်း ဆက်လှူဖို့ အစီအစဉ် ရှိပါသေးတယ်။”

ဆန် ၁၀ အိတ်၊ ခေါက်ဆွဲခြောက်ထုတ်၊ ကော်ဖီမစ်ထုတ်တွေနဲ့ သွားရောက်လှူဒါန်းခဲ့ပေမယ့် ၂,၀၀၀ လောက်ရှိတဲ့ ဆန္ဒပြ အလုပ်သမားတွေအတွက်တော့ လောက်ငမှာ မဟုတ်ဘူးလို့လည်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

ဆန္ဒပြ အလုပ်သမားတွေဆီ သွားရောက် လှူဒါန်းတာ ပထမဆုံး ဖြစ်ပြီး နောက်နေ့တွေ သွားရောက်လှူဒါန်းဖို့ အစီအစဉ်ရှိတယ်လို့ ကိုကိုကြီး(စမ်းချောင်း) က ပြောပါတယ်။

တိုင်ရီစက်ရုံ ဆန္ဒပြအလုပ်သမားတွေကို အစားအသောက် သွားလှူတဲ့အခါမှာ ဒေသခံ အာဏာပိုင်တွေက နှောင့်ယှက်တာတော့ မရှိပေမယ့် စောင့် ကြည့်ပြီး ဓာတ်ပုံရိုက်တာမျိုးတော့ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013