DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၄၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
June 29, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကားလမ်းဆုံမှာ မူးယစ်ဆေးဝါး ကျပ်သိန်း ၄၀၀ ကျော်ဖိုးကို ဇွန် ၂၉ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေတွေက ဇွန် ၂၉ ရက် မနက် ၄ နာရီခွဲအချိန် သတင်းအရ သက်သေတွေနဲ့အတူ စောင့်ဆိုင်းနေစဉ် ပင်လည်ဘူးမြို့ဘက်မှ ဖားကန့်မြို့ကို မောင်းနှင်လာတဲ့ CANDA ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်မောင်းနှင်သူမှာ ကျော်ကျော်ဆိုသူဖြစ်ပြီး ကျောပိုးအိတ်အတွင်း အနက်ရောင် ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ကျပ်သိန်း ၃၆၃၀၀၀၀၀ တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၁၁ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၃၃ ခွက် နဲ့ ကျပ်သိန်း ၇၈၀၀၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅၆၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦး က ပြောပါတယ်။

မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ကျော်ကျော် (၂၃) နှစ် ပင်လည်ဘူးမြို့နယ်နေသူအား အင်းတော်မြို့မရဲစခန်းက မူးယစ်ပုဒ်မနဲ့ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013