တောင်ဥက္ကလာပ စာတိုက်မှတ်တိုင်အနီး YBS ယာဉ် မီးလောင် (ရုပ်သံ)
DVB
·
June 29, 2017
တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းမ၊ စာတိုက်မှတ်တိုင်အနီးမှာ ဒီနေ့မနက် ၉ နာရီကျော်လောက်က YBS ၃၈ ယာဉ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို တောင်ဥက္ကလာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိ ဆိုတာတော့ မသိရသေးပါဘူး။
ရုပ်သံ - အထင် ကရ Facebook










