DVB Logo
Home
Lead Story
ချာလီချက်ပလင်ပုံစံ ဝတ်ဆင်နေထိုင်သည့် ရန်ကုန်မြို့မှ တက္ကဆီသမားတဦး (ရုပ်သံ)
DVB
·
June 29, 2017
ချာလီချက်ပလင်ပုံစံ ဝတ်ဆင်နေထိုင်သည့် ရန်ကုန်မြို့မှ တက္ကဆီသမားတဦး (ရုပ်သံ)
Donate to DVB



၁၉၆၀ နှောင်းပိုင်းအထိ ရုပ်ရှင်တွေ အများကြီးရိုက်ခဲ့တဲ့ ကမ္ဘာကျော် ဗြိတိသျှ ဟာသ သရုပ်ဆောင် ချာလီချက်ပလင်။ သူ့ကို အားကျပြီး သူ့ပုံစံအတိုင်း ဝတ်စားဆင်ယင် နေထိုင်တဲ့ ရန်ကုန်မြို့က တက္ကစီသမားတယောက်ရှိပါတယ်။

“ကျနော့်နာမည်က ဉာဏ်မင်းအောင်ပါ။ မိဘတွေ မွေးကတည်းက ဉာဏ်မင်းအောင် ဆိုပြီး ခေါ်ခဲ့ကြတာ။ ဒါပေမယ့် အခု ကျနော် ကားမောင်းရင်းနဲ့ပေါ့ လူတွေက ကျနော့်ကို ပုံစံကြည့်ပြီး ချာလီ ချာလီဆိုပြီး အကုန်လုံး ဝိုင်းခေါ်ကြတာပေါ့။ ကျနော့်ရဲ့ ငယ်နာမည်တောင် ပျောက်သွားတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ကျနော်ကလည်း ချာလီချက်ပလင်ကို သဘောကျတယ်။ အရမ်းသဘောကျတော့ အဲဒီပုံစံမျိုး ကျနော်က လုပ်ကြည့်တာပေါ့။ လူတွေကလည်း သဘောကျပြီး ကိုချာလီဆိုတဲ့နာမည် တွင်သွားရော။ ဟိုတုန်းက ကျနော် မကြည့်ဖူးဘူး။ အိမ်တအိမ်ကိုရောက်တော့ ခရီးသည်အိမ်မှာပဲ ကျနော်က ထိုင်စောင့်ရင်း အခွေကြည့်လိုက်ရတော့ ကျနော် တော်တော်သဘောကျသွားတယ်။ သဘောကျသွားတော့ ကျနော် အခွေဝယ်လိုက်တယ်။ ကာဗာလေးကို ကျနော်ကြည့်လိုက်တော့ တော်တော်မိုက်တာပဲပေါ့။ အဲဒါနဲ့ ကျနော့်ဘာသာ ကျနော် လုပ်ကြည့်တယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

အာကာသန်းတင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013