DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့တွင် တရားမဝင် ကျွန်းသစ်များ သယ်လာသည့် ယာဉ် ၂ စီး ဖမ်းမိ
DVB
·
June 29, 2017
Donate to DVB

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက် တရားမဝင်ကျွန်းသစ်တံခါးရွက်တွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ် ၂ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပေါင်မြို့မရဲစခန်းက ပြောပါတယ်။

သထုံခရိုင် မှု/ကူဌာနမှ ရဲအုပ်အောင်သူက “ကားက သထုံမှာကတည်းက စစ်ဆေးဖို့ တားတာ။ ကားသမားက မရပ်ဘဲ မောင်းပြေးလာလို့ ဇင်းကျိုက်နယ်မြေရဲစခန်းကို အကြောင်းကြားပြီး ပိတ်တားတာ။ ဘယ်ရီဂိတ်ကိုတိုက်ပြီး မောင်းပြေးလို့ နောက်က လိုက်ဖမ်းတာ အပေါင်ရောက်မှ ပြန်ဖမ်းမိတာပါ" လို့ပြောပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်ကို ယာဉ်မောင်း ဖိုးသား မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN (HSE/5353)၊ Honda Odyssey အမျိုးအစား အဖြူရောင်မော်တော်ယာဉ်နဲ့ ယာဉ်မောင်း မိုးကောင်းကင် မောင်းနှင်ပြီး မောင်မောင်ထွေး၊ တင်သိန်းနှင့် မစိုးစိုးခိုင်(ခ)ဘုတ်ဆုံတို့ လိုက်ပါလာတဲ့ ယာဉ်အမှတ် KYN(RLG/5338)၊ Toyota Alphard အမျိုးအစား၊ အနက်ရောင် မော်တော်ယာဉ်တို့မှာ တရားမဝင်ကျွန်းသစ်တွေ တင်ဆောင်လာတယ်လို့ သတင်းရရှိတာကြောင့် သထုံမြို့ ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှ ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ် မရပ်ဘဲ မောင်းနှင်သွားခဲ့တာပါ။

အဲဒီကတဆင့် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရဲကင်းစခန်းရှေ့မှာ ဘယ်ရီဂိတ်ချပြီး ရပ်တန့်စစ်ဆေးခဲ့ရာမှာလည်း ကားမရပ်ဘဲ ဘယ်ရီဂိတ်ကို တိုက်ပြီး ဆက်လက်မောင်းနှင်သွားပါတယ်။ ပေါင်မြို့ ပေါင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ အဘယဇောတိကာရုံ ဘုန်းကြီးကျောင်းဝင်းထဲကို မောင်းဝင်သွားတယ်လို့ ရဲစခန်းက သိရပါတယ်။

တရားမဝင်ကျွန်းတံခါးရွက်တွေ တင်ဆောင်ပြီး ထွက်ပြေးမောင်းနှင်လာတဲ့ Honda Odyssey အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်ပေါ်မှာ ကျွန်းတံခါးရွက်ဆိုဒ်စုံ ၁၀၂ ချပ် ၀ ဒသမ ၇၃၆၈ တန်နဲ့ Toyota Alphard အမျိုးအစား အနက်ရောင်မော် တော်ယာဉ်ပေါ်မှာ ကျွန်တံခါးရွက်ဆိုက်စုံ ၁၂၀ ချပ် ၁ ဒသမ ၀၃၆၀ တန် ကာလတန်ဖိုးအားဖြင့် ၁ တန် ၁၂ သိန်းကျပ်နှုန်းခန့်ရှိပြီး စုစုပေါင်းတံခါးရွက်ဆိုက်စုံ ၂၂၂ ချပ် တန်အားဖြင့် ၁ဒသမ ၇၇၂၈ တန် ရှိတယ်လို့ ပေါင်မြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး တရားမဝင်ကျွန်းတံခါးရွက်များ သယ်ဆောင်မောင်းနှင်လာသူ မောင်မောင်ထွေး၊ တင်သိန်း၊ စိုးစိုးခိုင်(ခ)ဘုတ်ဆုံနှင့် မိုးကောင်းကင်တို့အား ပေါင်မြို့မရဲစခန်းက (ပ)၂၄၁/၂၀၁၇၊ (ပ)၂၄၂/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013