DVB Logo
Home
မြန်မာသတင်း
ကညနရုံးမှ ပျောက်ဆုံး ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်များအား သတိထားရန်ကြေညာ
DVB
·
June 28, 2017
ကညနရုံးမှ ပျောက်ဆုံး ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်များအား သတိထားရန်ကြေညာ
Donate to DVB

ရန်ကုန်အနောက်ပိုင်းခရိုင် ကညနရုံးဖောက်ထွင်းခံရတာမှာ ပါသွားတဲ့ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်နဲ့ ရောင်ပြန်တံဆိပ်တွေကို ပယ်ဖျက်လိုက်တဲ့အတွက် ယာဉ်ဝယ်ယူ ကြရာမှာ သတိပြုဖို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၃ ရက်နေ့က ဖောက်ထွင်းခံရတာဖြစ်ပြီး ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ၅၈၈ ရွက်နဲ့ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်မှာ ကပ်ပေးတဲ့ ရွှေရောင် hologram ၁၈၈ ခု ပျောက်ဆုံးခဲ့တာပါ။

ဒါကြောင့် ယာဉ်ဝယ်ယူတဲ့အခါ ရောင်းချသူကပြတဲ့ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်တွေ ဟာ ပယ်ဖျက်ထားတာ ဟုတ်၊ မဟုတ် စစ်ဆေးကြဖို့ ကညန က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်နဲ့ ဆောင်ရွက်တယ်ဆိုရင်လည်း ကိုယ်စားလှယ်က ပြန်အပ်တဲ့အခါ နံပါတ်တွေကို သတိထားဖို့ နှိုးဆော်ထားပါတယ်။

ပျောက်ဆုံးသွားတဲ့ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်တွေကတော့ (၁) 1A3337828, 1A3337886 (၂) 1A3338397 ကနေ 1A3338500 အထိ (၃) 1A3373436 ကနေ 1A3373500 အထိ (၄) 1A3375084 ကနေ 1A3375500 အထိ ဖြစ်ပါတယ်။

ပျောက်ဆုံးသွားတဲ့ ရွှေရောင် hologram အနားတွန့် တွေကတော့ (၁) V1716256, V1716314 (၂) V1716826 ကနေ V1716929 အထိ (၃) V1737021 ကနေ V1737085 အထိ (၄) V1738669 ကနေ V1738685 အထိ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013