DVB Logo
Home
မြန်မာသတင်း
သတင်းထောက် ၃ ဦးကို မတရားသင်းဥပဒေဖြင့် အမှုဖွင့်၊ သီပေါအကျဉ်းထောင်ပို့ဆောင်
DVB
·
June 28, 2017
သတင်းထောက် ၃ ဦးကို မတရားသင်းဥပဒေဖြင့် အမှုဖွင့်၊ သီပေါအကျဉ်းထောင်ပို့ဆောင်
Donate to DVB

 

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နဲ့ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်တို့ကို စစ်တပ်က ဒီကနေ့ မွန်းလွဲပိုင်းမှာ သီပေါရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး မတရားသင်း ဆက်သွယ်မှုနဲ့ အမှုဖွင့်ထားလိုက်ပါတယ်။

သီပေါမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဝင်းက “မတရားသင်း ၁၇ -၁ နဲ့ လောလောဆယ်ဖွင့်ထားတယ် ဒီနေ့ပဲ ဖွင့်လိုက်တယ်။ ဒီနေ့ ၁၂ နာရီခွဲမှာ ဖွင့်လိုက်တယ်။ တရားရုံးမှာ ချုပ်မိန့်တောင်းတယ်။ ချုပ်မိန့်တောင်းပြီး  သီပေါ ထောင်အကျဉ်းထောင်မှာပို့ထားပါတယ်”လို့ပြောပါတယ်။

သတင်းထောက် ၃ ဦးနဲ့အတူ  ယာဉ်မောင်း ၃ ဦး စုစုပေါင်း ၆ ဦးကို မတရားသင်းဆက်သွယ်မှုနဲ့ တမှုတည်း ပူးပေါင်းဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

သူတို့ကို  လာမယ့် ဇူလိုင် ၁၁ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်ပါတယ်။  

သတင်းထောက်တွေရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ရဲမှူးမြင့်ဝင်းကပြောပါတယ်။

“သူတို့ ရွှင်ရွှင်လန်းလန်းပါပဲ ကျန်းမာရေးကတော့ ကောင်းပါတယ်။ နည်းနည်းတော့ မျက်နှာညှိုးနေတာပေါ့ ”လို့ ပြောပါတယ်။

တီအန်အယ်အေမှာ သတင်းသွားယူပြီးပြန်လာတဲ့တဲ့ ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးတို့ကို  ဇွန် ၂၆ ရက်နေ့မှာ တပ်မတော် စစ်ကြောင်းက  ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါ ကားလမ်း၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013