DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင်း ကျူးကျော်အိမ်ထောင်စုများကို ရန်ကုန်တိုင်းအစိုးရမှ စမတ်ကတ်ထုတ်ပေး
DVB
·
June 28, 2017
Donate to DVB

တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကျူးကျော် နေထိုင်အိမ်ထောင်စု ၁၈၄ စုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇွန်လ ၂၈ ရက်နေ့ မနက် ၉ နာရီကစပြီး တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးရုံးမှာ စမတ်ကတ်တွေ ထုတ်ပေးနေတယ်လို့ အဖွဲ့ ၃ World Vision အဖွဲ့ခေါင်းဆောင် ဒေါ်ခင်သန်းစိုးက ပြောပါတယ်။

ဒေါ်ခင်သန်းစိုးက “ကျမတို့အဖွဲ့က ကျူးကျော်တွေကို စမတ်ကတ်ထုတ်ပေးဖို့ ၂ ရက်ကြိုပြော ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမှန်တကယ်ကျူးကျော်တွေ မဟုတ်ဘဲ စာရင်းပေးမှာ ဆိုးလို့ပါ။ အခုက အုပ်ချုပ်ရေးမှူးတွေက သူတို့ရပ်ကွက်ထဲမှာ အမှန်တကယ် နေစရာမရှိလို့ ကျူးကျော်နေထိုင်သူစာရင်း ကောက်ပေးတဲ့သူတွေကို ထုတ်ပေးတာပါ။ အခုကတ်ထုတ်ပေးပြီးရင် နောက်ထပ်စာရင်း ထပ်စစ်ဦးမှာပါ။ လမ်းဘေးမှာဈေးဆိုင်ထိုးပြီး လူနေရင်ပေးမှာပါ။ လူမနေရင်တော့ ထုတ်မပေးပါဘူး။ ကျမတို့အဖွဲ့ ၈ ဖွဲ့ရှိပါတယ်။ တခြား မြို့နယ်တွေမှာလည်း ထုတ်ပေးပြီးပါပြီ။ လှည်းကူးတော့ ကျန်နေသေးတယ်။ နောက်ရက် သွားထုတ်ပေးမှာပါ”လို့ ပြောပါတယ်။

မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းက “ကျနော်တို့ အုပ်ချုပ်ရေးပိုင်းကို မနေ့ကမှ ကျူးကျော်တွေကို ကတ်ထုတ်ပေးမယ်ပြောတာပါ။ မသိရပါဘူး။ ၂၀၁၄/၂၀၁၅ ခုနှစ်မှာ လမ်းတံတားဆောက်လုပ်ရေးဦးစီးဌာနက စာရင်း ဆင်းကောက်ထားတဲ့ ကျူးကျော်တွေကို ပေးတာပါ။ အဲ့ဒီအတွက် ကျနော်တို့ရပ်ကွက်က ၁၄ ဦး ကျန်ပါတယ်။ အဲဒါကို ကျနော်တို့ အုပ်ချုပ်ရေးပိုင်းက အမှန်တကယ်နေစရာမရှိကြောင်း ထောက်ခံ လက်မှတ်ထိုးပေးထားပါတယ်” လို့ ပြောပါတယ်။

“ကျနော်တို့ အမှန်တကယ် နေစရာမရှိလို့ လမ်းဘေးမှာဆိုင်ထိုးပြီး ဈေးရောင်းနေတာပါ။ အခု ဒီကတ်ထုတ်ပေးတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကိုင်တော့ထားတာပဲ။ အစိုးရက ဘာလုပ် ပေးမလဲတော့ မသိဘူး”လို့ စမတ်ကတ် လာထုတ်သူ အမျိုးသားတဦးက ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013