DVB Logo
Home
မြန်မာသတင်း
တကျော့ပြန်အဆိုတော် မဒီ၏ 'ဒဏ္ဍာရီ' သီချင်းရုပ်သံ ကြည့်ရှုသူ ၃ သန်းကျော်ရှိပြီ (ရုပ်သံ)
DVB
·
June 28, 2017
Donate to DVB

 

တချိန်က နာမည်ကျော် အဆိုတော်တဦးအဖြစ် တေးသီချင်းအေးအေးလေးတွေကို သီဆိုဖျော်ဖြေခဲ့တဲ့ တေးသံရှင် မဒီဟာ လာမယ့် စက်တင်ဘာလလောက်မှာ သူ့ရဲ့ တေးအယ်လ်ဘမ်တချပ်ကို ထုတ်ဝေသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ အဲဒီအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ ဒဏ္ဍာရီလို့ အမည်ပေးထားတဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်တခုကို Central Base Productions ရဲ့ အင်တာနက် စာမျက်နှာပေါ်မှ တဆင့် ထုတ်လွှင့်ခဲ့ချိန်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီသီချင်းကို တေးရေး ဇမ်ခီက ရေးသားပေးခဲ့တာဖြစ်ပြီး မဒီကိုယ်တိုင် ဂစ်တာတီးပြီး သီဆိုသရုပ်ဆောင်ထားခဲ့တာကို တွေ့ရပါတယ်။

တေးသံရှင် မဒီကလည်း ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပြန်လည်မျှဝေခဲ့ကာ ခုလို ရေးသားခဲ့တာကို တွေ့ရပါတယ်။

“မင်္ဂလာပါ။ မဒီ့ရဲ့ ဂီတခရီးလမ်းကို ဆက်လျှောက်ဖို့ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးသူများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောရင်း "ဒဏ္ဍာရီ” ဆိုတဲ့ သီချင်းကို ထပ်ဆင့်ပြီး မျှလိုက်ပါတယ်။ Album အသစ်တွေနဲ့အတူ Concert အတွက်လည်း ပြင်ဆင်ရင်း အခုအချိန်အထိ ဆက်လက်အားပေးသူများအားလုံးကိုလည်း ကျေးဇူးတင်လျက်… ကျန်းမာပျော်ရွှင်ကြပါစေ။ ငြိမ်းချမ်းခြင်းတရား ချစ်ခြင်းများနဲ့အတူ… #မဒီ

မဒီရဲ့ ပုံမှန်တွေ့မြင်နေကျ သီဆိုဟန်အတိုင်း “အရှေ့အရပ်မှာနေတဲ့ တောင်တန်းများနောက်ဆီက အလင်းပျိုးလာတဲ့ အရုဏ်ဦး ကောင်းကင်ရဲ့ ကြယ်လေးတွေ မှေးစက်တဲ့အခါ ကျေးငှက်တွေ ဆိုမြည်ပျံဝဲလို့ မြူးပျော်ကြ” စတဲ့ လှပတဲ့ သီချင်းစာသားတွေ၊ ပလွေသံတွေနဲ့ ဒီသီချင်းကို အောက်မှာ ဖော်ပြပေးထားတဲ့ လင့်ခ်မှတဆင့် နားဆင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013