ဝါရင့် ရေငုပ်သမား ဦးစောနောင် ဘာကြောင့် သေဆုံးခဲ့သလဲ (ရုပ်သံ)
DVB
·
June 28, 2017
ပင်လယ်ထဲ ပျက်ကျသွားတဲ့ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 လေယာဉ် အစိတ်အပိုင်းတွေ ရှာဖွေဆယ်ယူရာမှာ ကိုယ်တိုင်ပါဝင်ကူညီပေးခဲ့တဲ့ ရေငုပ်သမား ဦးစောနောင်ဟာ ရေငုပ်စဉ်ရရှိခဲ့တဲ့ ရေထုဖိအားဒဏ်ရာနဲ့ ဇွန်လ ၂၂ ရက်က မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဦးစောနောင်ဟာ ရေငုပ်သက်အနည်းဆုံး ၁၀ နှစ်လောက် အတွေ့အကြုံရှိတဲ့ ဝါရင့် ရေငုပ်သမားတဦး ဖြစ်ပေမယ့် ရေအနေထား ကွာခြားချက်နဲ့ ပင်လယ်ဒီရေ အတက်အကျကြောင့် အမှတ်မထင် ကွယ်လွန်ခဲ့ရတာဖြစ်တယ်လို့ အဏ္ဏဝါမင်းရေငုပ်အဖွဲ့နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဝါရင့်ရေငုပ်သမားတွေက ပြောပါတယ်။










