DVB Logo
Home
မြန်မာသတင်း
အခမဲ့ကျန်းမာရေးစနစ် ပိုပီပြင်လာရန် ပြန်လည်ဆန်းစစ်မည်
DVB
·
June 27, 2017
အခမဲ့ကျန်းမာရေးစနစ် ပိုပီပြင်လာရန်  ပြန်လည်ဆန်းစစ်မည်
Donate to DVB

 

ကျန်းမာရေးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ အခမဲ့ ကျန်းမာရေးစနစ် ပိုမိုပီပြင်လာစေဖို့ လေ့လာ ဆန်းစစ်သွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကပြောပါတယ်။

ဇွန်လ ၂၇ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ်မဲဆန္ဒနယ်က ဒေါက်တာ ဇော်လင်းထွဋ်ရဲ့ ပြည်သူတွေအတွက် အခမဲ့(FOC)စနစ်နဲ့ ဘယ်လိုဝန်ဆောင်မှုပေးနေတယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံတွေမှာ ဆေးဝါးအတွက် နှစ်စဉ်ဘက်ဂျက်ဘယ်လောက်သုံးစွဲနေပြီး ဘယ်လိုဖြန့်ဝေပေးနေတာ ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး ၀န်ကြီး ဒေါက်တာမြင့်ထွေးက ဖြေဆိုတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ပေါင်းပြီး တစ်ပြည်လုံးမှာ FOC ကို ဘယ်လိုပေးနေတယ်၊ ဘယ်လိုပုံစံပေးနေတယ် ကွဲပြားခြားနားမှုရှိတဲ့အတွက် ဒါကိုလေ့လာဖို့ ပြောထားတယ်လို့  ဒေါက်တာမြင့်ထွေးကပြောပါတယ်။

“လေ့လာဖို့လည်း ပိုက်ဆံရှိပါတယ်။ ဒီလေ့လာပြီး အဖြေထွက်လာရင် FOC ကို မည်သို့မည်ပုံ ဆက်လက် ဆောင်ရွက်သင့်သည်ဆိုတာ အဖြေထွက်လာမှာပါ။ အခုတော့ တော်တော်လုပ်နေ ပါတယ်။ တချို့နေရာလေး မှာ ပြဿနာလေး အနည်းနဲ့ အများရှိတယ်ဆိုတာ တွေ့ရပါတယ်။ FOC စနစ်တစ်ခုလုံး ပိုမိုပီပြင်ပြီး မဟာဗျုဟာ နည်းဗျုဟာနဲ့ စနစ်တကျရှေ့ ဆက်လုပ်ဖို့ဆိုလို့ရှိရင် မြန်မာနိုင်ငံ ဆရာဝန်အသင်းက Hospital Adminstration Society ပေါင်းပြီး မကြာခင် review လုပ်တော့မှာ ဖြစ်ပါတယ်။”

အခုလို FOC ပေးနေတာဟာ ၂၀၃၂ ခုနှစ်မှာ Universal Health Coverage ဖြစ်အောင်သွားနေတာလို့ ဆိုပါတယ်။ FOC ပေးတာမှာလည်း အခြေခံဆေးဝါးနဲ့ အခြေခံ ရောဂါရှာဖွေစမ်းသပ်တာတွေကိုပဲ FOC ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဘတ်ဂျက်နှစ်က ဆေးရုံတွေကို  အဓိက အာရုံစိုက် လုပ်မယ့်နှစ်ဖြစ်တဲ့အတွက် အစိုးရက ချပေးတဲ့ ဘီလီယံပေါင်းများစွာကို အလေအလွင့်မရှိအောင် သေသေချာချာသုံးဖို့ လုပ်နေတယ်လို့ လည်း သိရပါ တယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး Implementation Result လုပ်ဖို့အတွက်လည်း အစိုးရက သန်း ၁၀၀၀ ပေးထားပါတယ်။ ဆိုလိုတာက program အားလုံးမှာ Implementation Result က ပိုက်ဆံလည်း မကုန်ပါဘူး။ ရတဲ့အဖြေကို ချက်ချင်းသုံးပြီး ဒီ program ကို ဘယ်လိုပိုပြီး ကောင်းအောင်လုပ်မယ်ဆိုတာ သန်း ၁၀၀၀ ရှိပါတယ်။ ဒီသန်း ၁၀၀၀ က တစ်နှစ် အတွင်းသုံးရမှာပါ။ မကုန်လို့ရှိရင် ပြန်အပ်ရမလိုဖြစ်နေပါတယ်။ ကျနော် မအပ်ပါဘူး။ သုံးဖို့လည်း အများကြီးရှိပါတယ် ” လို့ ဒေါက်တာ မြင့်ထွေးက ဆိုပါတယ်။

ချမ်းသာတဲ့ နိုင်ငံမဟုတ်လို့  ရေရှည်မှာတော့ FOC ပေးလို့မရသလို လူဦးရေ တိုးတက်သလို လူနာဦးရေကလည်း တိုးတက်လာမှာဖြစ်တဲ့အတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013