DVB Logo
Home
မြန်မာသတင်း
ကိုဖြိုး​ဝေ​အောင်နှင့်​ ​ရှေ့​နေ ၂ ဦး​ တရား​စွဲခံရ
DVB
·
February 21, 2012
ကိုဖြိုး​ဝေ​အောင်နှင့်​ ​ရှေ့​နေ ၂ ဦး​ တရား​စွဲခံရ
Donate to DVB

၂၀၁၀ သင်္ကြန်ဗုံး​ပေါက်ကွဲမှုနဲ့​ ဆက်စပ်ဖမ်း​ဆီး​ထား​တဲ့​ ကိုဖြိုး​ဝေ​အောင်နဲ့​အတူ သူ့​ရှေ့​နေ ၂ ဦး​ကို တရား​စီရင်တဲ့​ ဝန်ထမ်း​တွေကို ​နှောင့်​ယှက်မှုနဲ့​ တရား​စွဲမယ်လို့​ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​မှာ မ​နေ့​က ဆုံး​ဖြတ်လိုက်ပါတယ်။

[caption id="attachment_21482" align="alignright" width="310" caption="ကိုဖြိုး​ဝေ​အောင်"][/caption]

အင်း​စိန်​ထောင်တွင်း​ ရုံး​ထိုင် ​မြောက်ပိုင်း​ခရိုင်တရား​သူကြီး​ ဦး​အောင်သိန်း​ရဲ့​ ရုံး​က ကိုဖြိုး​ဝေ​အောင်ရဲ့​ ထွက်ဆိုချက်နဲ့​ ပတ်သက်လို့​ အခုလို ဆုံး​ဖြတ်ချက် ချခဲ့​တာပါ။

ဒီဆုံး​ဖြတ်ချက်အရ တရား​ခံ ကိုဖြိုး​ဝေ​အောင်နဲ့​အတူ သူ့​ရှေ့​နေ၂ ဦး​ဖြစ်တဲ့​ တရား​လွှတ်​တော်​ရှေ့​နေ ဦး​ကျော်ဟိုး​နဲ့​ အထက်တန်း​ရှေ့​နေ ​ဒေါ်သင်ဇာလှိုင်တို့​ အ​ပေါ် တရား​စွဲမှာ ဖြစ်ပါတယ်။

ဒီကိစ္စဖြစ်ပုံက - အမှုစစ်ရဲအရာရှိရဲ့​ ထွက်ချက်မှာပါရှိတဲ့​ တရား​လိုပြ သက်​သေတဦး​ထံက ကြိုတင်ထွက်ချက်ယူထား​တယ်ဆိုတဲ့​ ထွက်ချက်ဟာ အမှုတွဲထဲမှာ ​ပျောက်ဆုံး​နေတာနဲ့​ပတ်သတ်လို့​ တရား​ခံက ပြန်လည် ​မေး​ခွန်း​ထုတ်ရာက​နေ စတင်ခဲ့​တာ ဖြစ်ပါတယ်။

ရှေ့​နေ ဦး​ကျော်ဟိုး​က “အမှုစစ်ရဲအရာရှိ ရဲအုပ် ထွန်း​ထွန်း​သိန်း​က သူ့​ရဲ့​ထွက်ချက်ထဲမှာ ပါတာကိုး​။ တရား​လိုပြ သက်​သေ ကို​အောင်​ကျော်စွာကို ကြိုတင် ထွက်ချက် ယူထား​ပါတယ်ဆိုပြီး​ ထွက်ဆိုထား​တာ ရှိတယ်​လေ။ အဲဒီ ကြိုတင်ထွက်ချက်က အမှုတွဲထဲမှာ မရှိဘူး​။ တရား​လိုဘက်ကလည်း​ မတင်ပြဘူး​။ အမှုကို ကြီး​ကြပ်ပြီး​တော့​ အကြံဥာဏ်​ပေး​တဲ့​ ဥပ​ဒေအရာရှိ​ရော၊​ အမှုစစ်ရဲအရာရှိ​ရော၊​ သူတို့​က ကြိုတင်ထွက်ချက်ကို တမင်တကာ ထိမ်ချန်ထား​သလား​ ဆိုပြီး​ ​မေး​ခွန်း​ထုတ်စရာ ဖြစ်တယ် ဆိုပြီး​ တရား​ခံရဲ့​ ထွက်ချက်မှာ ထွက်ဆိုထား​တယ်။ ဒါနဲ့​ ပတ်သက်ပြီး​ ဥပ​ဒေအရာရှိက တရား​ခံကို​ရော၊​ တရား​ခံရဲ့​ ​ရှေ့​နေ နှစ်​ယောက်ကို​ရော ပြစ်မှု ပုဒ်မများ​ ၂၈ နဲ့​ အ​ရေး​ယူ​ပေး​ပါလို့​ ​လျှောက်ထား​တော့​ ကျ​နော်တို့​ဘက်က ကန့်​ကွက်တယ်” လို့​ ​ပြောပါတယ်။

တရား​ခံတဦး​အ​နေနဲ့​ ဥပ​ဒေအရ ခုခံ​ချေပ​လျှောက်ထား​ခွင့်​ရှိတယ်ဆိုတာ ပြန်လည် ​လျှောက်ခဲ့​ပေမယ့်​ တရား​ရုံး​က အမိန့်​ချခဲ့​တာလို့​ ဦး​ကျော်ဟိုး​က ရှင်း​ပါတယ်။

“ကျ​နော်တင်ပြတာက အ​ခြေခံဥပ​ဒေအရ ဆိုရင် တရား​ခံမှာ ခုခံ​ချေပခွင့်​ ရှိတယ်။ တရား​စွဲဆိုတဲ့​အမှုမှာ လိုအပ်ချက်​တွေအ​ပေါ်မှာ ​ထောက်ပြခွင့်​ ထွက်ဆိုခွင့်​ရှိတယ်။ ထွက်ဆိုရုံနဲ့​ အ​ရေး​မယူသင့်​ဘူး​။ ဒါ​ပေမယ့်​ တရား​ရုံး​က ကျ​နော်တို့​ တင်ပြတာကို လက်မခံပါဘူး​။ ကျ​နော်တို့​ကို တရား​စွဲမယ်ဆိုပြီး​ အမိန့်​ချလိုက်ပါတယ်။”

၂၀၁ဝခုနှစ် သင်္ကြန်က ကန်​တော်ကြီး​ ကန်ပတ်လမ်း​ပေါ်က X2O မဏ္ဍပ် ဗုံး​ပေါက်ကွဲမှုနဲ့​ စပ်လျဉ်း​ပြီး​ ကိုဖြိုး​ဝေ​အောင်အ​ပေါ် အမှု​လေး​ခု။ ပုဒ်မ ​ခြောက်ခုနဲ့​ စွဲချက်တင် စစ်​နေတာဖြစ်ပါတယ်။

အဲဒီ ဗုံး​ပေါက်ကွဲမှုဖြစ်တုန်း​က လူကိုး​ယောက်ကို ဖမ်း​ပြီး​ ပုဒ်မအသီး​သီး​နဲ့​ ​ထောင်ဒဏ်စီရင်ခဲ့​ပြီး​ ရှစ်ဦး​က လွတ်ငြိမ်း​ခွင့်​နဲ့​ လွတ်​မြောက်ကာ ကိုဖြိုး​ဝေ​အောင်တ​ယောက်ပဲ ကျန်​နေတာလို့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ ဇနီး​ ​ဒေါ်​ဌေး​ဌေး​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013