DVB Logo
Home
မြန်မာသတင်း
သာသနာသန့်ရှင်းရေးလုပ်ဆောင်ရန်စီစဉ်နေဟု သာသနာရေးဝန်ကြီး ပြော
DVB
·
June 27, 2017
သာသနာသန့်ရှင်းရေးလုပ်ဆောင်ရန်စီစဉ်နေဟု သာသနာရေးဝန်ကြီး ပြော
Donate to DVB

 

ရဟန်း၊ ရှင်၊ လူတွေရဲ့ အကြံပေးချက်တွေအရ သာသနာသန့်ရှင်းရေးလုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

ဇွန်လ ၂၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ်တွေ မေးမြန်းတဲ့ မေးခွန်းတွေကိုဖြေဆိုမှုအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။

“ရဟန်းသံဃာတော်တွေကရော၊ ပြည်သူလူထုအပိုင်းကပေါ့လေ။ မြန်မာနိုင်ငံမှာ သာသနာတော် သန့်ရှင်းရေး တကြိမ်လုပ်ဖို့ သင့်ပြီဆိုတဲ့ အကြံပေးချက်တွေလည်း နေ့တိုင်း တောက်လျှောက် ရရှိနေတယ်။ သာသနာတော်ကြီးက အရှည်တော့ တည်တံ့ပါရဲ့၊ မသန့်မရှင်းနဲ့ ဆိုတော့နော် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာလည်း ညှိုးနွမ်းစေပါတယ်။ ဒါ့မို့လို့ သာသနာတော် သန့်ရှင်းရေးကိုတော့ဖြင့် မဝေးတော့တဲ့ အနာဂတ်ကာလမှာ လုပ်နိုင်ဖို့အတွက်ကို ဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ကိန်းဂဏန်း၊ စာရင်းဇယားတွေ ပြုစုပြီးပါပြီ။ စီမံချက်ရေးဆွဲနိုင်ဖို့ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံအတွင်းက သာသနာ့ဝန်ထမ်း ရဟန်းသံဃာ စာရင်းကောက်ခံပြုစုပြီးပါက သာသနာသန့်ရှင်းရေး လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ရေးဆွဲထားတဲ့ စီမံချက်တွေ တင်ပြ အကြံဉာဏ်တောင်းခံပြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီလို ရေးဆွဲပြီးတဲ့အခါမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို တင်ပြသွားမှာ ဖြစ်တယ်။ နိုငံတော်သံဃနာယကအဖွဲ့ရဲ့ သြဝါဒနဲ့ ဖြည့်စွက်ချက်တွေအပေါ်မူတည်ပြီးတော့မှ နိုင်ငံတော်အစိုးရအဖွဲ့ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါကျမှ ဓမ္မစက်၊ အာဏာစက်နဲ့ ဒါကို သာသနာတော် သန့်ရှင်းရေး လုပ်ငန်းကြီးကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ လုပ်ငန်းဆောင်တာကြီး ဖြစ်ပါတယ်။”လို့ ၀န်ကြီး သူရ ဦးအောင်ကိုကပြောပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအနှံ့ပြားမှာ ရဟန်းသံဃာ ၅ သိန်းဝန်းကျင်လောက် ရှိနေတယ်လို့လည်း သာသနာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီအတွက် သာသနာ သန့်ရှင်းရေးလုပ်ဆောင်နိုင်ဖို့ ပြင်ဆင်မှုအနေနဲ့ အချိန်တစ်နှစ်နီးပါး ပြင်ဆင်ရမယ်လို့လည်း သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013