DVB Logo
Home
မြန်မာသတင်း
သခင်ဗဟိန်း ရာပြည့်အခမ်းအနားကို ယုဒသန်ခန်းမတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
June 27, 2017
Donate to DVB

သခင်ဗဟိန်းရဲ့ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ ယုဒသန်ခန်းမမှာ  ဇွန်လ ၂၇ ရက်နေ့က ကျင်းပနေပါတယ်။

အထက်တန်းကျောင်းသားဘဝကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ စစ်ကိုင်းခရိုင် အင်းဝမြို့မှာ အဖပွဲစားကြီး ဦးမှင်၊  အမိ ဒေါ်ဒေါ်ဦးတို့က ဖွားမြင်ခဲ့ပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံကြီး ရေနံမြေသပိတ်မှာ အလုပ်သမားသပိတ်တပ်ကြီး မကွေးမှာ ပိတ်မိနေစဉ် ရန်ကုန်မြို့အထိ ချီတက်နိုင်ဖို့ သခင်ဗဟိန်းက ဝင်ရောက်ကူညီခဲ့ပါတယ်။

သခင်ဗဟိန်းရဲ့ "မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်တောက်စေရမယ်" ဆိုတဲ့ မိန့်ခွန်းကြောင့် တနိုင်ငံလုံး သပိတ်မီးက ပျံ့နှံ့သွားခဲ့ပါတယ်။

ဂျပန်ခေတ် သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ တို့ဗမာအစည်းအရုံးကို သွားရောက်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးအပြီးမှာ သခင်ဗဟိန်းဟာ ကွန်မြူနစ်ပါတီ၊ အလုပ်သမားသမဂ္ဂ၊ ဖက်ဆစ်တိုက်ဖျက်ရေး လွတ်လပ်ရေးအဖွဲ့ချုပ်(ဖတပလ)မှာ ထိပ်တန်းတာတွေ ထမ်းဆောင်ခဲ့သလို ပြည်သူ့အာဏာဂျာနယ်မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်းဟာ ၁၉၄၆ ခုနှစ် နိုင်ဝင်ဘာလ ၂၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013