DVB Logo
Home
မြန်မာသတင်း
အရေပြားအောက်ထိုးရသည့် သန္ဓေတားဆေးသစ် မြန်မာပြည်တွင် စတင်မိတ်ဆက်
DVB
·
June 27, 2017
Donate to DVB

မလိုလားတဲ့ ကိုယ်ဝန်ဆောင်တာတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အရေပြားအောက်ထိုးတဲ့ သန္ဓေတားဆေးသစ်တမျိုးကို ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဒီကနေ့  မြန်မာနိုင်ငံမှာ  ပထမဦးဆုံး အကြိမ်အဖြစ် စတင်မိတ်ဆက်လိုက်ပါတယ်။

မိသားစုတွေနဲ့ အမျိုးသမီးတွေမလိုချင်ပဲ ကိုယ်ဝန်ဆောင်ရတာကနေ ရှောင်ရှားစေဖို့နဲ့ မိမိလိုချင်တဲ့ အချိန်မှ ရသွေးရယူစေနိုင်ဖို့ အထောက်အကူပြုတဲ့ သန္ဓေထားဆေးတွေကို ဖြန့်ဝေပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

နေပြည်တော် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနခွဲညွန်ကြားရေးမှူး ဒေါက်တာ လှမြတ်သွေးအိန္ဒြာက “ဒီဆေးက ကျမတို့လက်ရှိသုံးနေတဲ့ သုံးလခံထိုးဆေးပေါ့နော်၊ Depo နဲ့ အတူတူပါပဲ သူကတော့ သေးသေးလေးလဲဖြစ်တယ်။ ဆေးအာနိသင်ကတော့အတူတူပဲ။ ပါတာလည်း နည်းနည်းလေးလည်း ဖြစ်တယ်။ နည်းနည်းကွာခြားတာကတော့ ထိုးတဲ့နည်းလမ်းက အရမ်းလွယ်ကူတယ်။ Depo ကျတော့ ကျမတို့ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန် ဆရာမတွေက ထိုးပေးမှရတယ်။ သူကတော့ ကျမတို့ ဒီနိုင်ငံထဲကိုဝင်နေတဲ့ ဆီးချိုမှာသုံးတဲ့ ထိုးဆေးလိုပဲ ကိုယ့်ဘာသာကိုယ်ထိုးလို့ရတယ်”လို့ပြောပါတယ်။

၂၀၁၇ ခုနှစ်အကုန်ပိုင်းမှာ သန္ဓေတားဆေးအသစ်တမျိုး ထပ်မံ ဖြန့်ဝေးပေးသွားမယ်လို့ သိရပါတယ်။ ပထမအဆင့်အနေနဲ့ မြို့နယ် ၆၀ ရှိ သားဖွားဆရာမ ၃,၀၀၀ တို့အား သင်တန်းတွေပေးကာ သန္ဓေတားဆေးအသုံးပြုသူတွေအတွက် လိုအပ်တဲ့  အကူအညီတွေ ပေးသွားဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။

မြန်မာပြည်မှာ အရင်က ဖြန့်ဝေပေးနေတဲ့ သန္ဓေတားဆေး ၆ မျိုးကို ဝေးလံခေါင်သီတဲ့ ဒေသတွေနဲ့ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေက အိုးအိမ်စွန့်ခွာရှောင်ထိမ်းနေကြရတဲ့ အမျိုးသမီးတွေအတွက် ဦးတည် ဖြန့်ဝေးပေးခဲ့တာပါ

အခုအသစ်ဖြန့်ဝေပေးမယ့် သန္ဓေထားဆေးသစ်ဟာ အရေပြားအောက် ကိုယ်တိုင်ထိုးရတဲ့ သုံးလခံသန္ဓေထားဆေးဖြစ်ပြီး  Subcutaneous – DMPA (Sayana Press) ဆေးအမျိုးအစားဖြစ်ပါတယ်။

အဲဒီ သန္ဓေတားဆေးအသစ် ဖြန့်ဝေဖို့အတွက် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)က အမေရိကန်ဒေါ်လာ ၁ သန်း ကူညီပေးမှာဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်း အမျိုးသမီး ၂၀၀၀၀၀ အထိ လက်လှမ်းမီနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် အမျိုးသမီး ၂၈၀၀ လောက်က ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးမွေးဖွားစဉ်မှာ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချရတာတွေ ပါဝင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013