
အထောက်အထားခိုင်လုံမှုမရှိဘဲ စွပ်စွဲ ဆန္ဒပြသူတွေကို သည်းခံခွင့်လွှတ်မှာမဟုတ်ဘဲ ဥပဒေအတိုင်း တရားစွဲဆိုအရေးယူတော့ မယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။
“အစ္စလာမ်ဘာသာဘက်ကို သာသာထိုးထိုးလေး ဘက်လိုက်တယ်ဆိုတာ အထောက်အထားပြဖို့လိုတယ်။ သက်သေသက်ကန်ပြဖို့လိုပါတယ်။ အဲလို အခြေအမြစ်မရှိဘဲ စွပ်စွဲမှုတွေကိုလည်း အခုကစပြီး အကုန်ပြန်တရားစွဲတော့မှာ၊ ဥပဒေအရ ထိရောက်စွာအရေးယူတော့မှာ အခုက စပြီးတော့မှ ဆက်လုပ်ရမှာဖြစ်ပါတယ်။ လုံးဝသည်းခံခွင့်လွှတ်မှာ မဟုတ်ဘူးဆိုတာကိုလည်း ပြောလိုပါတယ်”
ပြီးခဲ့တဲ့ ဇွန် ၂၅ ၇က်နေ့က ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ သာသနာရေးဝန်ကြီးသူရဦးအောင်ကို အမျိုးသားရေးလှုပ်ရှားတဲ့အင်အားစုတွေက ကန့်ကွက်ရှုတ်ချဆန္ဒပြခဲ့ကြပြီး ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ အပေါ် ပြည်ထောင်စု ၀န်ကြီးက ပြန်လည်တုံ့ပြန်ပြောကြား လိုက်တာဖြစ်ပါတယ်။










