DVB Logo
Home
မြန်မာသတင်း
အာဇာနည်​ ၁၇ ဦး ဗိမာန်​ကို မန္တလေး ဗကသကျောင်းသားများ ချီတက်​အ​လေးပြု
DVB
·
June 27, 2017
Donate to DVB

သခင်ဗဟိန်းနှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်  သခင်ဗဟိန်းအုတ်ဂူတည်ထားရာ  နေရာကို မန္တလေးဗကသများအဖွဲ့ ကျောင်းသား ကျောင်းသူတွေက ဒီနေ့ မနက်ပိုင်းက ချီတက်သွားရောက် အလေးပြုခဲ့ကြပါတယ်။

ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တရားဝင် စာတင်ထားခြင်း မရှိတဲ့အတွက် ဆက်လက်ချီတက်မလှည့်လည်ဖို့ လာရောက်တားဆီးခဲ့ကြပေမယ့် ဗကသ ကျောင်းသားတွေက ချီတက်လှည့်လည်တဲ့ အစီအစဉ်ကို မဖျက်ဘဲ ဥပဒေအတိုင်း အရေးယူဖို့ ပြောဆိုပြီး အာဇာနည်ဗိမာန်သို့ ဆက်လက်ချီတက်အလေးပြု ခဲ့ကြပါတယ်။

မန္တလေးမြို့ ၈၄ လမ်း x ၃၁ လမ်း ဓမ္မသာလာကစတင်ပြီး ချမ်းမြသာစည်မြို့နယ်ရှိ  သခင်ဗဟိန်းအုတ်ဂူတည်ထားရာ အာဇာနည် ၁၇ ဦး ဗိမာန်အထိ ဒေသခံတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တောင်သူတွေ အပါအဝင် အင်အား ၂၀၀ ဝန်းကျင်ခန့် ပူးပေါင်းချီတက် အလေးပြုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013