DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ပျောက်ဆုံးဒေသခံရွာသားတဦး၏ အလောင်း ထပ်မံတွေ့ရှိ
DVB
·
June 27, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်းချောင်းအုပ်စု၊ တရိန်းကျေးရွာနားမှာ အကြမ်းဖက်သမားတွေ သတ်ပစ်ခဲ့တဲ့ ရွာသား တဦးရဲ့ အလောင်းတလောင်းကို ဇွန်၂၆ ရက်က ထပ်မံတွေ့ရှိခဲ့တယ်လို့ တရိန်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်စိုးမောင်က ဒီဗွီဘီကို ပြောပါတယ်။

“မနက်ပိုင်း ၁၂ နာရီဝန်းကျင်လောက်က သက်ဆိုင်ရာကို ပူးပေါင်းပြီး ရှာဖွေတဲ့အခါမှာ တွေ့တာပါ။ လည်ပင်းကို ပြတ်လုနီးပါး လှီးထားတယ်ခင်ဗျ။ ပြီးတော့ တွင်းကြီးထဲမှာ မြှုပ်နှံထားတာပါ။ ကျွန်းပေါက်ပြုစု အရှေ့ဘက် တဖာလုံလောက်မှာ တွေ့ရှိတာပါ။ အခု ကျနော်တို့ မောင်တောကို သယ်လာနေပြီ။ အခု ကျနော်တို့ ကျီးကန်းပြင်ဌာနချုပ် အနီးကို ရောက်နေပါပြီဗျ”

ဇွန်၂၄ ရက်နေ့က ကြိမ်းချောင်ကျေးရွာအုပ်စု တရိန်းကျေးရွာဒေသခံ ၄ ဦးဟာ လိပ်ရှာထွက်ရာကနေ အကြမ်းဖက်သမား ၈ ဦးက ဓားနဲ့လိုက်ခုတ်တာကြောင့် နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် နှစ်ဦးကတော့ အကြမ်းသမားတို့ရဲ့ လက်ချက်နဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာပါ။

ဇွန်လ ၂၆ ရက်နေ့ မနက် ၁၂ နာရီဝန်းကျင်က တွေ့ရှိခဲ့တဲ့ အလောင်းကတော့ တရိန်းကကျေးရွာနေသူ ကိုကိုသိန်း (အသက် ၃၉ နှစ်)  ဖြစ်ပြီး၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရှိခဲ့တဲ့အလောင်းကတော့ တရိန်းကျေးရွာသား ဦးအောင်ကျော်တို့ ဖြစ်ကြပါတယ်။

ဇွန်လ ၂၄ ရက်နေ့ အကြမ်းဖက်သမားတွေရဲ့လက်က ထွက်ပြေးလွတ်မြောက်ခဲ့တဲ့သူ နှစ်ဦးကတော့ ဦးကျန်အောင်သိန်းနဲ့ ဦးစံသာတို့ ဓားနဲ့ လိုက်ခုတ်ခံရတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက်သမားတွေက အရပ်သားတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်နေတာကြောင့်  ဒေသခံ လူနည်းစုတွေအတွက် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထွန်းလှစိန်က ဒီဗွီဘီကို ပြောပါတယ်။

“အကုန်စိုးရိမ်နေကြတယ်။ အေးဆေးနေကြတဲ့သူတွေကိုမှ လိုက်ပြီးရွေးသတ်နေတယ်။ ဒါတွေက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်နေတာ။ နောက်တခုက လုံခြုံရေးပိုင်းလည်း အားနည်းတယ်။ ဖြစ်တဲ့နေရာလောက်ပဲ ရှာဖွေတာတွေ လုပ်ဆောင်တာလောက်ပဲ ရှိတာပါ။ ကျနော်တို့ မောင်တောဘက်မှာရှိတဲ့ လူနည်းစုတွေကတော့ လုံခြုံရေးပိုင်းအရ တော်တော်ကို စိုးရိမ်ပါတယ်။ လုံးခြုံရေးပိုင်းကို သေချာချပေးတာ မရှိဘူးဗျ။”

အခုလို ကျေးရွာသားတွေ အကြမ်းဖက် သတ်ဖြတ်ခံရပြီးနောက် တရိန်းကျေးရွာက ရခိုင်ရွာနဲ့ မြိုရွာက ဒေသခံတွေဟာ မောင်တောမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပါတယ်။

သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ - အိမ်စိုးမောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013