DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ရေမဆေးကျောက်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များရုန်းရင်းဆန်ခတ်ဖြစ်ပြီး ၁ ဦးသေဆုံး
DVB
·
June 26, 2017
ဖားကန့်တွင် ရေမဆေးကျောက်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များရုန်းရင်းဆန်ခတ်ဖြစ်ပြီး ၁ ဦးသေဆုံး
1 / 7
Donate to DVB

 

ကချင်ပြည်နယ် ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာရှိ ရတနာကြယ်ကုမ္ပဏီ ဖ၀ါအကျိုးတူလုပ်ကွက်ထဲမှာ ဇွန် ၂၅ ညနေ ၄ နာရီလောက်က ရေမဆေးကျောက်ရှာသမားတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ် ပစ်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက် သမားတဦး  သေဆုံး သွားပါတယ်။

အဲဒီလုပ်ကွက်ထဲမှာ ပုံမှန်အားဖြင့် နေ့စဉ် ညနေ ၄ နာရီခွဲမှ ၆ နာရီထိ ရေမဆေးကျောက် ရှာဖွေ ခွင်ြ့ပုနေရာမှာ ယမန်နေ့ကတော့ အလုပ်သမားတွေက အချိန်မတိုင်ခင် လုပ်ကွက်ထဲ ၀င်ရောက်သွားတာကြောင့် လုံခြုံရေးရဲတွေက ခြောက်လှန့်ပစ်ခတ်ရာမှာ အသက် ၂၃နှစ်အရွယ် မောင်ဇော်ဝေ ကိုသေနတ် ထိမှန် ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပါတယ်။

မျက်မြင်တွေ့ရှိခဲ့သူ ရေမဆေးသမား ကိုဟိန်းမင်းဇော်က  “ပစ်တဲ့ ရဲနဲ့က ပေ နှစ်ဆယ်လောက်ပဲဝေးတာ။ ဆဲပြီးတော့ ပစ်တာ။ သုံးချက်ပစ်တာ နောက်ဆုံးတစ်ချက်မှာ မှန်တာ ”လို့ ပြောပါတယ်။

ရေမဆေးကျောက်ရှာသူတွေက လုပ်ကွက်ထဲမှာရှိတဲ့ Volvo ဘက်ဟိုးကား ၂ စီး၊ Caterpiilar ကားတစ်စီး စုစုပေါင်း ၃ စီးကို မီးရှို့ပစ်ပြီး ကျန်တဲ့ Liebheer အမျိုးအစား ဘက်ဟိုး ၂ စီးမှာလည်း တစ်စီးက ကားမှန်တွေ ထုခွဲဖျက်ဆီးခံရတဲ့အပြင် ယမ်းဖောက်စက်ကြီး သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကုမ္ပဏီ တာဝန်ခံ တစ်ဦးက အတည်ပြုပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်တဲ့ ရဲတပ်ရင်း အမှတ် (၉) မှ ရဲတပ်သားကိုလည်း ရေမဆေးကျောက်သမားတွေက  ဖဝါ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး ည ၇ နာရီလောက်မှာ  ၁၀၁ တပ်မက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ရဲတပ်ရင်း ကွန်မန်ဒို ရဲတပ်ဖွဲ့တွေက လာရောက် ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အမှတ်(၉) ရဲတပ်ရင်းမှ ရဲတပ်သား ကျော်ဆွေဦးကို အရေးယူနိုင်ဖို့ စုံခုံဖွဲ့စစ်ဆေးရန် ပြင်ဆင်နေတယ်လို့  အဆိုပါ ရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့ ရေမဆေးသမား မောင်ဇော်ဝေရဲ့  မိဘတွေ ဘက်ကလည်း ဥပဒေကြောင်းအရ အရေးယူတိုင်ကြားဖို့  ပြင်ဆင်နေသလို လုပ်ငန်းသုံးယန္တရားတွေ ဖျက်ဆီး ခံရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) တို့ကလည်း အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။

သတင်း-ဓာတ်ပုံ - ဒီဗွီဘီ စီဂျေသတင်းထောက် ဇော်မိုးထက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013