DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့နယ်၌ သစ်ပင်ဖိ၍ အမျိုးသမီးတဦးသေဆုံး
DVB
·
June 26, 2017
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ကျောက်ဖျာကျေးရွာမှာ သစ်ပင်ပိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ ဘုရားမော်ကျောင်းအနီးရှိ နေအိမ်တလုံးပေါ်ကို ဇွန်လ ၂၆ ရက် မနက် ၁၀ နာရီ ဝန်းကျင်လောက်က မရန်းပင်ပြိုလှဲပြီး အိမ်နောက်ဖေးမီးဖိုခန်းမှာ ထမင်းချက်နေတဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်ဌေးမူ ဆိုသူကို ပိမိခဲ့တာပါ။

ကျောက်ဖျာရွာသား ကိုတူးတူးက "မနေ့က မိုးအရမ်းရွာခဲ့တယ်။ ဒီနေ့ မနက်ပိုင်းမှာ ဒေါ်ဌေးမူရဲ့ အမျိုးသားက အလုပ်သွားတယ်။ အိမ်မှာ ဒေါ်ဌေးမူနဲ့သူ့တူ နှစ်ယောက်တည်းပဲ ရှိတယ်။ မရန်းပင်ပြိုလဲသံကြားလို့ သူ့တူက ပြေးထွက်လို့ သစ်ခက်နဲ့နောက်ကြောကို ရိုက်မိသွားတယ်။ ဒေါ်ဌေးမူကတော့ သစ်ပင်ပိပြီး ဒဏ်ရာအပြင်းအထန်ရလို ကရုဏာကျန်းမာရေး အထောက်အကူပြုကားနဲ့ မြိတ်ပြည်သူ့ ဆေးရုံကြီးကို ပို့လိုက်တယ်။ ဆေးရုံရောက်မှ ဒေါ်ဌေးမူက ရရှိဒဏ်ရာနဲ့ သေဆုံးသွားတယ်”လို့ ပြောပါတယ်။

အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် အရေးယူဆောင်ရွက်ထားတား မရှိဘူးလို့ ကျွဲကူးရဲစခန်းမှ ရဲအုပ်တင်ထွဋ်က ပြောပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013