DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့နေ
DVB
·
June 26, 2017
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင်ဒေသခံတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ပုသိမ်-မုံရွာလမ်းဆုံ၊ ဝမ်ပေါင်ကုမ္ပဏီရှေ့နားမှာ ထိပ်တိုက်တွေ့နေကြပါတယ်။

ခုရက်ပိုင်း ဝမ်ပေါင်ကုမ္ပဏီက ယမ်းအားပြင်းတဲ့ မိုင်းခွဲတာ၊ ရွှေလှေတံတားနားကနေ အက်ဆစ်ပျော်ဝင်ပါတဲ့ ရေတွေဖောက်ချတဲ့အတွက် ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးတာ၊ သီးနှံလျော်ကြေး၊ အစားထိုးမြေယာရရှိရေး စတဲ့အချက်တွေကို အကြောင်းပြုပြီး ဆည်တည်း၊ ဇီးတော၊ တုံ၊ ရွှေလှေ၊ မိုးကြိုးပြင်စတဲ့ရွာတွေက ဒေသခံတောင်သူ ၁၀၀ ကျော်က နေ့လယ် ၂ နာရီခန့်အချိန်ကစပြီး လာရောက်ဆန္ဒပြနေကြတာပါ။

ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးစည်း အနည်းဆုံး ၄ ထပ်တားပြီး လမ်းကို ပိတ်ဆို့ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက ကုမ္ပဏီတာဝန်ရှိသူတွေကို တွေ့ခွင့်တောင်နေပေမယ့် တုံ့ပြန်မှု မရှိသေးပါဘူး။

ဒေသခံတွေကတော့ တွေ့ခွင့်မရမချင်း စောင့်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013