DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 26, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဧည့်မထဆန်
ဝါးတန်း ကုန်စည်ဒိုင်မှာ ဧည့်မထဆန် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၁၉,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၈,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ၁ တန်ကို ငွေကျပ် ၈၄၆,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ၂၃,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၆၁၃,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ပြောင်းဆံ
ပြောင်းဆံကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၅၀၀ ကနေ ၅၂၀ ကျပ် ရှိပါတယ်။

အာလူး
အာလူးက ဒီနေ့မှာ ၁ ပိဿာကို ၄၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ် ရှိပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၁၃,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

မြေပဲလုံးဆံနီ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၂၁၅၀ ရှိပါတယ်။

မြေပဲလုံးဆံဖြူ
မြေပဲလုံးဆံဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၂၃၀၀ ပေါက်ဈေးရှိနေပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013