DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် တရားမဝင်ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ
DVB
·
June 26, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၆/၅) ရှမ်းရွာကျေးရွာအနီးမှာ ဇွန်လ ၂၆ ရက် မနက် ၉ နာရီအချိန်က တရားမဝင် ပျဉ်းကတိုးသစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးရုံးက ပြောပါတယ်။

မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးတင်စိုးနဲ့အဖွဲ့ဟာ သတင်းအရ ဖြူးမြို့က ဘုရားကြီးမြို့ကို တောင်ငူမြို့နေသူ ယာဉ်မောင်း နိုင်လင်းအောင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် 5l /2604 FUSO ၁၂ ဘီးယာဉ်ကို တားဆီးစစ်ဆေးရာ တရားမဝင် ပျဉ်းကတိုးခွဲသား ခန့်မှန်းတန်ချိန် ၆ တန်ခန့် ကာလတန်ဖိုးငွေ ၂၄ သိန်းကျော်နဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သစ်တောဦးစီးမှူး ဦးတင်စိုးက “ကျနော်တို့ ခု ဖမ်းမိတာနဲ့ပတ်သက်ပြီး သစ်တောဥပဒေ ၄၂ (ခ) နဲ့ တရားရုံးကို ဦးတိုက်လျှောက်သွားမှာပါ။ စွဲချက်တင်တာတို့ အရေးယူတာတို့ကတော့ တရားရုံးက ဆောင်ရွက်မှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦးကို အသေးစိတ် စစ်ဆေးနေပြီး သစ်တောဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013