DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်ရေးနေ့ မုံရွာတွင် ကျင်းပ
DVB
·
June 26, 2017
Donate to DVB

ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာတဝန်း ညှဉ်းပန်းနှိပ်စက်မှုများရပ်တန့်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း ဖိုတိုစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ဝိမုတ္တိအမျိုးသမီးအဖွဲ့၊ Sisterhood အမျိုးသမီးအဖွဲ့၊ အာရှ တရားမျှတမှုနှင့် အခွင့်အရေးအဖွဲ့တို့က ကျင်းပတာဖြစ်ပြီး မုံရွာမြို့က နိုင်ငံရေး အကျဥ်းသားဟောင်းတွေ၊ စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အတိတ်က တိုင်းရင်းသားပြည်သူတွကို လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့တာကို သင်ခန်းစာယူပြီး နောင်အနာဂတ်မှာ မဖြစ်ပေါ်စေဖို့၊  ခေတ်အဆက်ဆက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသူတွေနဲ့ မိသားစုတွေအတွက် အမှန်တရားနှင့် အမှန်တရားပြန်လည်ရရှိဖို့၊  အစိုးရအနေနဲ့ နိုင်ငံတကာ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ စာချုပ်တွေကို လက်မှတ်ထိုးကျင့်သုံးလာစေဖို့ စတာတွေကို ရည်ရွယ်ပြီး ဒီအခမ်းအနားကိုကျင်းပတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ လျော့နည်းပပျောက်ဖို့အတွက်  တရားဥပဒေစိုးမိုးရေးက အဓိကအရေးကြီးတယ်လို့  Sisterhood အမျိုးသမီးအဖွဲ့က မနီမိုလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

တက်ရောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကလည်း နှိပ်စက်ညှဉ်းပန်းမှုနဲ့ဆိုင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ ဇာတ်လမ်းတိုပြသတာ၊ သရုပ်ဖော်တာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို ဖိတ်ကြားခဲ့ပေမယ့် အစိုးရအဖွဲ့က တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

ကမ္ဘာတဝန်း ညှဉ်းပန်းနှိပ်စက်မှုများရပ်တန့်ရေးနေ့ကို မုံရွာမြို့မှာ သာမက မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ ဘိုကလေးစတဲ့ မြို့တွေမှာ လည်း တပြိုင်နက် ကျင်းပနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013