DVB Logo
Home
မြန်မာသတင်း
ဖြူးချောင်းအတွင်း လူငယ်တဦး ရေနစ်သေဆုံး
DVB
·
June 26, 2017
ဖြူးချောင်းအတွင်း လူငယ်တဦး ရေနစ်သေဆုံး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဖြူးချောင်းအတွင်းမှာ ဇွန် ၂၅ ရက်နေ့ ညနေ့ ၅ နာရီလောက်က ရေနစ်သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ ဖြူးမြို့မရဲစခန်းက ပြောပါတယ်။

ဖြူးမြို့မရဲစခန်း တာဝန်ရှိသူတဦးက "သူတို့က ညီအကိုတွေ သူငယ်ချင်းတွေဗျ။ အဲဒီနေရာလေး ကလည်း သဘာဝကလှတော့ လာပြီးတော့ ရေးကူးတာတို့ ဓာတ်ပုံရိုက်တာတို့ပေါ့။ အဲဒီမှာ  သစ်တုံးပေါ်တက်ပြီး ဓာတ်ပုံရိုက်တာ၊ တုံးက ရေညှိတက်နေတော့ ချော်ကြပြီး နစ်သွားတာပါ။ ဝိုင်းဆယ်ကြပေးမယ့် မရတာပါ" လို့ ပြောပါတယ်။

ရေနစ်သေဆုံးသူမှာ ငါးခေါင်းအင်းကျေးရွာနေ အသက် ၃၂ နှစ်အရွယ် အောင်မင်းသိုက် ဆိုသူဖြစ်ပြီး ဇွန် ၂၄ ရက်နေ့က အဆိုပါနေရာအနီးကို သူငယ်ချင်းတွေ၊ ညီအကိုဝမ်းကွဲတွေနဲ့ သွားရောက်လည်ပတ်ပြီး ရေချိုး၊ အလှဓာတ်ပုံရိုက်ကူး နေစဉ် ရေနစ်မြုပ်ခဲ့တာပါ။

သေဆုံးသွားတဲ့ အောင်မင်းသိုက်ရဲ့အလောင်းကို ဒီနေ့ ဇွန် ၂၅ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူရဲ့ခန္ဓာကိုယ်ကို စစ်ဆေးရာမှာလည်း မျက်ခွံပေါက်ပြဲဒဏ်ရာနဲ့ အခြားညှိမဲဒဏ်ရာတွေ တွေ့ရှိခဲ့ရပြီး အလောင်းကို ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ တယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၇ ဖြူးမြို့မရဲစခန်းက အမှုဖွင့်လှစ် ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဖြူးမြို့မ ရဲစခန်းက သိရပါတယ်။

အဆိုပါနေရာ နေနစ်သုံးတဲ့နေရာမှာ လူအများလာရောက်လည်ပတ်အပန်းဖြေမှုများရှိနေပြီး အခုနှစ် ၆ လအတွင်း ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိပြီလို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013