DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် အမျိုးသားတဦး ရေနစ်သေဆုံး
DVB
·
June 25, 2017
ရေးမြို့တွင် အမျိုးသားတဦး ရေနစ်သေဆုံး
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် ကလော့ချောင်းဖျား တောင်ကျချောင်းထဲတွင် ဇွန် ၂၄ ရက် နေ့လယ်ပိုင်းက ရေကစားရာမှ အမျိုးသားတဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်း ဒုရဲမှူး စိုးမွန်က ပြောပါတယ်။

“သေဆုံးသူ သန်းထွန်းလတ် (၁၅နှစ်) က ကလော့ချောင်းဖျားမှာ ရေကူးဖို့ နေအိမ်က ထွက်သွားပြီး ညနေ အိမ်ပြန်ရောက်မလာလို့ လိုက်လံရှာဖွေရာ ကလော့ချောင်းဖျားတောင်ကျ ချောင်းထဲမှာ ရေနစ်သေဆုံးခဲ့တယ်”လို့ သေဆုံးသူရဲ့ဖခင်က ပြောပါတယ်။

ဒုရဲအုပ် အောင်နိုင်မှ ရေနစ်သေဆုံးသူကို သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ ပြင်ပ ဒဏ်ရာမတွေ့ရှိရဘဲ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးပေးဖို့ တရားလိုပြုလုပ် တိုင်တန်းခဲ့တာလို့ ဆိုပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ရေးမြို့မရဲစခန်းက သေမှုသေခင်း အမှတ် (၂၅/၂၀၁၇) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013