DVB Logo
Home
Lead Story
ကားနောက်ခန်းတွင် လိင်ဆက်ဆံနေချိန် ကားမတော်ဆမှုကြောင့် ကျောင်းဆရာသေဆုံး (ရုပ်သံ)
DVB
·
June 25, 2017
ကားနောက်ခန်းတွင် လိင်ဆက်ဆံနေချိန် ကားမတော်ဆမှုကြောင့် ကျောင်းဆရာသေဆုံး (ရုပ်သံ)
1 / 2
Donate to DVB

ထိုင်းနိုင်ငံမှာ ကားမောင်သူတဦးဟာ အရှိန်မထိန်းနိုင်လို့ ကားမတော်တဆ တိုက်မိခဲ့ပြီး တိုက်မိတဲ့ ကားနောက်ခန်းမှာ ကာမဆက်ဆံနေတဲ့ အိုင်းရစ်လူမျိုး ကျောင်းဆရာတဦး သေဆုံးခဲ့တယ်လို့ irishpost သတင်းမှာ ဇွန်လ ၂၃ ရက်နေ့က ရေးသားထားပါတယ်။

ချင်းရိုင်မြို့မှာ ဇွန်လ ၂၁ ရက်နေ့ မနက် ၁ နာရီက ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ ကားမတော်တဆမှုအတွင်း အသက် ၃၀ နှစ်အရွယ် အင်္ဂလိပ်စာဆရာ အိုင်းရစ်လူမျိုး ဂျွန်မလွန်ဆိုတဲ့လူ သေဆုံးခဲ့တာပါ။

ကားအပျက်အစီးပုံတွေရဲ့ နောက်ခန်းထိုင်ခုံထဲကနေ ကျောင်းဆရာကို ခန္ဓာကိုယ်တပိုင်း အဝတ်အစားမပါပဲ ဆွဲထုတ်ခဲ့ရသလို အဝတ်အစားမပါတဲ့ ထိုင်းအမျိုးသမီးကိုလည်း တွေ့ခဲ့ရလို့ ကားတိုက်မှုဖြစ်နေစဉ် ကျောင်းဆရာက ကားနောက်ခန်းမှာ အဝတ်အစား ဝတ်မထားတဲ့ ထိုင်းအမျိုးသမီးနဲ့ ကာမဆက်ဆံနေတယ်လို့ ကယ်ဆယ်ရေးတွေက ယူဆနေကြေင်း သတင်းမှာ ရေးထားပါတယ်။

ကားတိုက်မှုအတွင်း ကားမောင်းသူနဲ့ နောက်ခရီးသည် အမျိုးသမီးက ဒဏ်ရာ အပြင်းအထန် ရရှိတယ်လို့ သိရပါတယ်။

စောင့်ကြည့်ကင်မရာထဲမှာ ချင်းရိုင်မြို့ထဲ အရှိန်နဲ့မောင်းလာတဲ့ ဇူဇီကီးကားက အရှိန်မထိန်းနိုင်ဖြစ်ပြီး ကွန်ကရစ်တိုင်တခုကို တိုက်မိတာ မြင်တွေ့ရပါတယ်။

ကားက အကြိမ်ပေါင်းများစွာ လည်သွားပြီး အပေါ်ကို ပျံတက်သွားကာ မှန်တွေကွဲသွားပြီး နောက်ဆုံးမှာ ရပ်သွားတာကိုလည်း ရုပ်သံထဲမှာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013