DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးများ၏လုပ်ဆောင်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လေ့လာသုံးသပ်နေ
DVB
·
June 25, 2017
ဝန်ကြီးများ၏လုပ်ဆောင်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လေ့လာသုံးသပ်နေ
Donate to DVB

 

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လေ့လာသုံးသပ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဗဟိုကော်မတီ သတ္တမအကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ဇွန် ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ နှစ်ရက်ကြာ ကျင်းပပြီးနောက် ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိခန့်အပ်ထားတဲ့ အစိုးရအဖွဲ့က ဝန်ကြီးတွေ ဒုဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကိုဆန်းစစ်ပြီး ပြောင်းလဲခန့်အပ်သွားဖို့ အစီအစဉ်ရှိမရှိ သတင်းမီဒီယာတွေက မေးမြန်းခဲ့တဲ့အပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအတွက် လေ့လာဆန်းစစ်မှုတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကဲဖြတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ဆောင်နေတယ်၊ အဲ့ဒီအဖွဲ့ရဲ့ လေ့လာ တွေ့ရှိချက်တွေကို ထုတ်ပြန်သွားမှာမဟုတ်ပဲ ဗဟိုကော်မတီအဖွဲ့ဝင်တွေက ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်း အဝေးကို တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေပါ တက်ရောက်ခဲ့ ပါတယ်။

ဒီအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ကို ထောက်ခံကြောင်း၊ အဆင့်ဆင့်လိုအပ်တဲ့ ရေးရာကော်မတီတွေ ပြန်လည်ဖွဲ့စည်းဖို့၊ လူငယ်ညီလာခံ ကျင်းပဖို့၊ နိုင်ငံရေးအဆင့်မြှင့်သင်တန်းတွေပေးဖို့နဲ့ ပါတီလစဉ်ကြေးအစား နှစ်စဉ်ကြေးပြောင်းလဲကောက်ခံဖို့ စတဲ့အချက် ၇ချက်ကို  ဆုံးဖြတ်ခဲ့ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013