DVB Logo
Home
မြန်မာသတင်း
ရေလုပ်သားငယ်များကို အင်းအရေအတွက် ၆၀၀ ခန့် ချပေးရန် စီစဉ်နေ
DVB
·
June 25, 2017
ရေလုပ်သားငယ်များကို အင်းအရေအတွက် ၆၀၀ ခန့် ချပေးရန် စီစဉ်နေ
Donate to DVB

ရေလုပ်သားငယ်တွေအတွက် မနှစ်ကထက် အင်းအရေအတွက် ၃ ဆလောက် ပိုပေးဖို့ စီစဉ်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးဘဟိန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနှစ်က ၂၀၉ အင်း ပေးနိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ အင်း ၆၀၀ လောက်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါက ဧရာဝတီတိုင်းမှာ ရှိတဲ့အင်းတွေအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းလောက် ရှိပါတယ်” လို့ ဝန်ကြီး ဦးဘဟိန်းက  ပြောပါတယ်။

ရေလုပ်သားငယ် အစုအဖွဲ့တွေကို အင်းတွေ လုပ်ပိုင်ခွင့်ပေးတာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး မကြာသေးခင်က အင်းသားကြီးတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမယ့် ဒီကိစ္စဟာ ဥပဒေနဲ့ ညီတယ်လို့ ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ပေးထားပါတယ်။ အင်းလုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး လာမယ့် ၂၇ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ ကျပ်သိန်း ၄၀ အောက် လေလံကြမ်းခင်းဈေးရှိတဲ့အင်းတွေ၊ စပါး၊ ငါး ပြဿနာတက်တဲ့ အင်းတွေနဲ့ တရားဥပဒေ မစိုးမိုးတဲ့ ဒေသမှာရှိတဲ့ အင်းတွေကို ရေလုပ်သားငယ် အစုအဖွဲ့တွေကို လုပ်ပိုင်ခွင့်ပေးဖို့ စီစဉ်နေတာပါ။

“ကြမ်းခင်းဈေးနဲ့ပဲ ပေးမယ်။ ထမင်းတောင် နပ်မှန်အောင် မစားနိုင်တဲ့သူတွေက ဘယ်လိုလုပ် လေလံဆွဲနိုင်မလဲ။ မနှစ်ကတော့ ရေလုပ်သား ၈၃၇၈ ယောက်ကို အင်းလုပ်ခွင့် ပေးနိုင်ခဲ့တယ်။ ဒီနှစ်တော့ ရေလုပ်သားစ တစ်သောင်းခွဲကနေ နှစ်သောင်းခွဲကြား လုပ်ခွင့်ရနိုင်တယ်” လို့ ဝန်ကြီး ဦးဘဟိန်းက  ပြောပါတယ်။

ညောင်တုန်းမြို့နယ်က ရေလုပ်သားငယ်တစ်ယောက်ဖြစ်တဲ့ ကိုစိုးမိုးအောင်က “ကျနော်တို့က အင်းတစ်အင်းကို လူ ၁၅ ယောက်ကနေ ၅၀ လောက်အထိ တစ်ယောက်ကို ၅ သောင်း၊ တစ်သိန်း စုထည့် လုပ်ကြရတာ။ ကျနော်တို့က ထမင်းစားဖို့ လုပ်ကြတာ။ ဒါကို စီးပွားဖြစ် လုပ်နေတဲ့ သူတွေက ကန့်ကွက်နေကြတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေနဲ့ပဲ ကျင့်သုံးနေရတာဖြစ်ပြီး ဥပဒေအသစ်ကို ရေးဆွဲနေတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013