DVB Logo
Home
မြန်မာသတင်း
စားသောက်ဆိုင်တွင် စားသုံးသူနှင့်စားပွဲထိုး စကားများပြီး စကေဘာဖြင့်ထိုး၊ ၂ ဦးလုံးသေ
DVB
·
June 25, 2017
စားသောက်ဆိုင်တွင် စားသုံးသူနှင့်စားပွဲထိုး စကားများပြီး စကေဘာဖြင့်ထိုး၊ ၂ ဦးလုံးသေ
Donate to DVB

ဧရာတီတိုင်းဒေသကြီး ဘိုကလေးမြို့ ဧရာတမာစားသောက်ဆိုင်မှာ ဇွန်လ ၂၄ ရက်နေ့ည ၁၁ နာရီခွဲလောက်က ငွေရှင်းဖို့ ပိုက်ဆံလိုရာကနေ စားသုံးသူနဲ့ စားပွဲထိုးတို့ စကားများကာ ခိုက်ရန်ဖြစ်ပွားပြီး စကေဘာနဲ့ထိုးရာကနေ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ ဘိုကလေး မြို့မရဲစခန်းက သိရပါတယ်။

မင်းဇော်ဦးအပါအ၀င် သူငယ်ချင်း ၅ ဦးတို့က ဧရာတမာစားသောက်ဆိုင်မှာ သွားရောက်စားသောက်ကြပြီး ငွေရှင်းဖို့ ပိုက်ဆံလိုရာကနေ စားပွဲထိုးဖြစ်သူ နေပိုင် (ခ) ကရင်လေး (ခ) ဖိုးခွားနဲ့ မင်းဇော်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မင်းဇော်ဦးဆီမှာ အသင့်ပါလာတဲ့ အသွား ၉ လက်မ လောက်ရှိတဲ့ စကေဘာနဲ့  အပြန်အလှန် ထိုးသတ်ကြပြီး နှစ်ဦးစလုံး သေဆုံး ခဲ့တာပါ။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘိုကလေးမြို့မရဲစခန်းကနေ သေဆုံးသူမင်းဇော်ဦးကို (ပ)အမှတ် ၁၃၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄နဲ့အမှုဖွင့်ထားပြီး သေဆုံးသူ နေပိုင် (ခ) ကရင်လေး (ခ) ဖိုးခွားကို (ပ)အမှတ်၁၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့အမှုဖွင့်ထားကာ အဲဒီဖြစ်စဉ်မှာ ပါဝင်သူတွေကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013