DVB Logo
Home
မြန်မာသတင်း
တောင်သူများ ချေးငွေထုတ်၍ အိမ်အပြန် ကားချောက်ထဲ ထိုးကျ၊ ၂ ဦးသေ အများအပြားဒဏ်ရာရ
DVB
·
June 25, 2017
တောင်သူများ ချေးငွေထုတ်၍ အိမ်အပြန် ကားချောက်ထဲ ထိုးကျ၊ ၂ ဦးသေ အများအပြားဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-မအီကားလမ်း၊ မိုင်တိုင်အမှတ် ၇ မိုင် ၁ ဖာလုံမှာ ဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီလောက်က ကားတစီး ချောက်ထဲထိုးကျလို့ ၂ ဦးသေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွားပါတယ်။

အမ်းမြို့နယ်၊ မွှားအုပ်စု၊ ရှောက်ခြုံကျေးရွာက တောင်သူ တွေဟာ အမ်းမြို့ လယ်ယာစိုက်ပျိုးရေးဘဏ်ကိုစိုက်ပျိုးရေးချေးငွေထုတ်ချေးလို့ အိမ်အပြန်မှာ ကားလမ်းဘေး ချောက်ထဲကို ကားထိုးကျသွားတာပါ။

အမ်းမြို့ရဲစခန်းက တာဝန်ရှိအရာရှိတဦးက “အမ်းကနေ မအီကိုအပြန်မှာဖြစ်တာပါ။ ကားပေါ်မှာ အားလုံး ၃၁ ဦး ပါတယ်။ အဲဒီမှာကားမောင်း သမားတဦးရယ်၊ ယာဉ်ပေါ်ပါတဲ့လူတဦး စုစုပေါင်းနှစ်ဦးသေဆုံးသွားပါတယ်။ ချောက်ထဲကို ပြုတ်ကျသွားတာဗျ။ ပေ ၁၀၀ ရာ လောက် အနက်ရှိတယ်။ လယ်သမားတွေငွေထုတ်ချေးရာ အိမ်ကိုအပြန်မှာ ကားကအောက်ကို ထိုးကျသွား တာ။ ၁၄ ဦးကတော့ ပြင်ထန်းဒဏ်ရာရတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ယာဉ်မောင်းဖြစ်သူ ကိုစိုးစိုးအသက် ၂၈ နှစ် တလှိုင်တောင်ကျေးရွာကဖြစ်ပြီး ယာဉ်ချောက်ထဲ ထိုးကျတဲ့နေရာမှာပဲ သေဆုံးသွားတာပါ။ ယာဉ်ပေါ်ပါလာတဲ့ အခြားတဦးဖြစ်သူ လှမြင့်ထွန်းအသက် ၄၀ ရှောက်ခြုံကျေးရွာက ဖြစ်ပြီး အမ်းမြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ဒဏ်ရာပြင်းထန်းတာကြောင့် ည ၁၁ နာရီဝန်းလောက်မှာ ဆုံးသွား ပါတယ်။

ယာဉ်ပေါ်မှာစီးနင်းလိုက်ပါလာတဲ့ ၃၁ ဦးထဲမှ ၁၄ ဦးကတော့ပြင်းထန်ဒဏ်ရာရရှိသွားပြီး အမ်းပြည်သူ့ဆေူးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ရဲစခန်းက ဆက်လက်ပြောပါတယ်။

လက်ရှိမှာ အမ်းမြို့ မြို့မရဲစခန်းက ယာဉ်ပ ၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၀၃-က/ ၃၃၈ ၃၃၇ အမှုဖွင့် အရေးယူထားတယ်လို့ အမ်းမြို့မရဲစခန်းက ပြောပါတယ်။

သတင်း-၀ဏ္ဏခွာညို၊ ဓာတ်ပုံ-ဟန်မင်းလှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013