DVB Logo
Home
မြန်မာသတင်း
အသက် ၁၀ နှစ်အရွယ်သမီးကို မိခင်ကိုယ်တိုင်သတ်ပြီး အလောင်းဖျောက်မှုဖြစ်
DVB
·
June 25, 2017
အသက် ၁၀ နှစ်အရွယ်သမီးကို မိခင်ကိုယ်တိုင်သတ်ပြီး အလောင်းဖျောက်မှုဖြစ်
Donate to DVB

 

ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ဒေသ ဘန်ဆောင်ထွန်းခရိုင်မှာ မိခင်အရင်းက အသက် ၁၀ နှစ် အရွယ် သမီးငယ်ကို သတ်မှုဖြစ်ပွားခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဆုပါပွန်နွန်ထရာ ဆိုတဲ့ အမျိုးသမီးက သူမရဲ့သမီး ရန် ကို သတ်ပြီး အလောင်းဖျောက်မှုဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်ရဲ့ ဇွန်လ ၂၅ ရက်နေ့သတင်းမှာ ရေးသား ထားပါတယ်။

သေဆုံးသူရန်က မိခင်ဖြစ်သူရဲ့ ရိုက်နှက်ခြင်းကို မကြာခဏခံရပြီး မသေဆုံးခင် ရက် အနည်းငယ် မတိုင်ခင်မှာတော့ မိခင်ဖြစ်သူက ရန်ရဲ့ဦးခေါင်းကို ကြိမ်လုံးနဲ့ အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တယ်လို့ သိရပါတယ်။ နောက်နေ့ ဇွန်လ ၈ ရက်နေ့မှာ ရန်ရဲ့မျက်နှာတခုလုံး ယောင်နေပြီး မိခင်ဖြစ်သူက အလုပ်မသွားခင် ရန်ကို အိမ်မှာ သော့ခတ်ခဲ့တာပါ ရန်က ခေါင်းကိုက်နေကြောင်း မိခင်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

“ရန်ရဲ့မိခင်ဖြစ်သူက ရန်က နေမကောင်းဖြစ်ကတည်းက တချိန်လုံး အိပ်နေကြောင်း ဇွန်လ ၈ ရက်နေ့ သူမ အလုပ်ပြန်လာချိန်မှာ ရန်က အိပ်နေကြောင်း” ပြောပါတယ်။ သူမက ရန် ကို ထမင်းစားဖို့ လုံးဝနိုးခဲ့ပုံလဲ မရဘူးလို့ ရဲတွေက ပြောပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ ဆုပါပွန်နွန်ထရာက ပုံမှန် အလုပ်သွားခဲ့ပြီး ညနေ ၅ နာရီမှာ ရန်သေဆုံးပြီဖြစ်ကြောင်း သူမကို သူမ လက်ရှိယောက်ကျားက ဖုန်းခေါ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဖုန်းခေါ်ဆိုမှုပြီး မိနစ် ၃၀ အကြာမှာ ဆုပါပွန်နွန်ထရာက အလုပ်မှာ ပြန်လာကာ သမီးဖြစ်သူ တကယ်သေဆုံးနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် အလောင်းကို စောင်နဲ့ဖုံးပြီး နောက်တနေ့ အထိ အလောင်းကို ဒီအတိုင်းထားခဲ့ပါတယ် အဲ့ဒီနောက် မနက် ၁ နာရီအချိန် ရန်ရဲ့အလောင်းကို စောင်နဲ့ပတ် ကြိုးနဲ့ချည်ပြီး ကျောက်ခဲနဲ့ချည်ပြီး မြောင်းထဲပစ်ချခဲ့တာပါ။

ဆုပါပွန်က ရန်ရဲ့ဖခင်နဲ့ လက်ထပ်ခဲ့ကာ အိမ်ထောင်ကွဲခဲ့ပြီး သမီးဖြစ်သူက ရန်က အသက် ၃ နှစ် အရွယ်ကတည်းက ဖခင်ရဲ့မိဘဖြစ်သူ အဖိုးအဖွားတွေ မိခင်ဖက်က မိဘဖြစ်သူ အဖိုးအဖွား တွေနဲ့ တလှည့်စီ နေခဲ့ရတာလို့ ဆိုပါတယ်။

ရန်ရဲ့မိခင်ဖက် အဖွားဖြစ်သူက “ရန်က စကားသိပ်နည်းပြီး သိတ်လိမ္မာတဲ့ ကလေးပါ။ သူ့အဖိုးကိုရော ကျမရဲ့ အိမ်အလုပ်တွေကို ဝိုင်းကူပေးတယ်” လို့ ပြောပါတယ်။

“သမီးဖြစ်သူက မြေးဖြစ်သူ ရန်ကို ဒီနှစ် ဧပြီလမှာ နွေရာသီအားလပ်ရက်အနေနဲ့ မိဘတွေထံက ပြန်ခေါ်သွားတယ် ပြီးတော့ ကလေးကို သူမဘာသာ မွေးမယ် ဆုံးဖြတ်ပြီး  မိဘတွေထံ ပြန်မပို့ခဲ့ဘူး” လို့ ရန်ရဲ့ အဖွားဖြစ်သူက ပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့မှာတော့ မြေးဖြစ်သူရဲ့ သေဆုံးတဲ့ သတင်းကို ကြားခဲ့ရတာလို့ အဖွားဖြစ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ရန်ရဲ့အလောင်းကို သူတို့အိမ်ရှေ့ မြောင်း ထဲမှာ တွေ့ခဲ့ရာကနေ ရဲတွေက စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာပါ အဲ့ဒီနေ့မှာပဲ ရန်ရဲ့မိခင် နောက် အိမ်ထောင်ယောက်ကျားနဲ့ အခြား သားသမီးတွေက အိမ်ပြောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဆုပါပွန်နွန်ထရာနဲ့ ခင်ပွန်းဖြစ်သူကို ဇွန်လ ၁၄ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်မှာ အကျဉ်းထောင်အတွင်း ဖမ်းဆီးထားပြီး စုံစမ်းစစ်မေးမြန်းနေတယ်လို့ သိရပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013