
ဇွန်လ ၂၄ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာကျင်းပခဲ့တဲ့ မြေ ကမ္ဘာအလှမယ် မြန်မာ-၂၀၁၇ (Miss Earth Myanmar 2017)ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသူ အလှမယ် တင်စန္ဒာမျိုးက သရဖူရယူသွားခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပရဟိတလုပ်ငန်းတွေမှာ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတဝန်းမှ အလှမယ်ပေါင်း ၄၀၀ လောက်ထဲက ဆန်ခါတင်ပြိုင်ပွဲဝင် ၂၆ ဦးကို အဆင့်ဆင့် ဆန်ကာတင်ရွေးချယ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပခဲ့တာပါ။
ပြိုင်ပွဲမှာ တခြားဆုတွေအဖြစ် Miss Earth Myanmar Teen 2017 ဆုကို အလှ မယ် ယူကီစံ၊ Miss Myanmar Air 2017 ဆုကို အလှမယ် ဆူဇန်ရှိုင်း၊Miss Myanmar Water 2017 ဆုကို အလှမယ် ဆုဝတ်ရည်၊ Miss Myanmar Fire 2017 ဆုကို အလှမယ် ယဉ်ယဉ်ထက်၊ Miss Myanmar Eco-tourism 2017 ဆုကို အ လှမယ် နှင်းဝေေ၀နွယ်တို့က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
Miss Earth Myanmar 2017 ဆုရှင် အလှမယ် တင်စန္ဒာမျိုးဟာ လာမယ့် နိုဝင် ဘာလ ၄ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် Miss Earth ပွဲကို မြန်မာနိုင်ငံကိုယ်စား ပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Earth 2016 ပြိုင်ပွဲမှာ တော့ မြန်မာအလှမယ် နန်းခိုင်ရွှေဝါဝင်းက အလှမယ်အချင်းချင်း မဲပေးရွေးချယ်ပြီး ချီးမြှင့်တဲ့ ဆု ၂ ဆုကို ရရှိခဲ့တာပါ။
သူရရှိခဲ့တဲ့ ဆုတွေကတော့ Miss Congeniality ကြေးတံဆိပ်ဆုနဲ့ Miss Photogenic ငွေတံဆိပ်ဆုတွေကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။










