DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်းကို အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်ခန့်အပ်ကြောင်း ကြေညာချက်အတုထွက်ပေါ်
DVB
·
June 25, 2017
သူရဦးရွှေမန်းကို အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်ခန့်အပ်ကြောင်း ကြေညာချက်အတုထွက်ပေါ်
Donate to DVB

သူရဦးရွှေမန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်အဖြစ်တာဝန်ပေးအပ်ကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ပြန်နှံ့နေတဲ့ ကြေညာချက်ဟာ လုံးဝအတုဖြစ်တယ်လို့ အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ ဦးကြည်တိုးက ပြောပါတယ်။

“ဒီကြေညာချက်ဟာ လုံးဝအတုဖြစ်ပါတယ်။ ဒီကြေညာချက်မှာ ပါတဲ့အချက်အလက်တွေဟာ လုံးဝမှားယွင်းပါတယ်၊ မှန်ကန်ခြင်းမရှိပါဘူး”လို့ ဒီဗွီဘီကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိနေသူတွေ ဒီကနေ့ မွန်းလွဲပိုင်း ကျင်းပမယ့် သတင်းစာရှင်းလင်းပွဲမှာ ကြေညာချက်အတုကိစ္စလည်း ထည့်သွင်းရှင်းလင်းဖို့ရှိနေတယ်လို့ သိရပါတယ်။

ဇွန်လ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ဒီကြေညာချက်အတုမှာ သူရဦးရွှေမန်းကို ဗဟိုကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း ဒေါက်တာအေးဇံကို အရံဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်လည်းကောင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ခန့်အပ်တာ ဖြစ်ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

ဒေါက်တာ အေးဇံဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီး လက်ရှိပါတီမှာ ဗဟိုကော်မတီဝင် တာဝန်ယူထားသူဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ၊ ဗဟိုကော်မတီ၊ သတ္တမအကြိမ်အစည်းဝေးကို ရန်ကုန်မြိ့၊ရွှေဂုံတိုင်ရုံးချုပ်မှာ ကျင်းပနေချိန်နဲ့ တိုက်ဆိုင် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013