DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဂီတပွဲတော်မြို့ကြီး ၁၀မြို့တွင်ကျင်းပမည်
DVB
·
June 25, 2017
ငြိမ်းချမ်းရေးဂီတပွဲတော်မြို့ကြီး ၁၀မြို့တွင်ကျင်းပမည်
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးရည်ရွယ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ငြိမ်းချမ်းရေး ဂီတပွဲတော်ကို မြန်မာနိုင်ငံရဲ့ မြို့ကြီး၁ဝမြို့မှာ လာမယ့် ဇူလိုင်လ ကျင်းပသွားဖို့ရှိနေပါတယ်။

လူငယ်တွေငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုစိတ်ဝင်စားမှုအားနည်းတဲ့အတွက်ငြိမ်းချမ်းရေးဂီတပွဲတော်ကိုကျင်းပရတာဖြစ်တယ်လို့ ပွဲကျင်းပရေးတာဝန်ခံမြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ငြိမ်းချမ်းရေးဂီတပွဲတော်ကို  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုး၊ စစ်တွေ၊နဲ့ ကလေးမြို့တွေမှာ လာမယ့် ဇူလိုင်ပထမပတ်ကနေ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဂီတပွဲတော်မှာ သီးချင်းဆိုပြိုင်ပွဲ ပွဲစဉ်၁၇ပွဲပြိုင်သွားဖို့ရှိနေပြီး နောက်ဆုံး ဆန်ကာတင် ၃ ဦးကို ရွေးချယ်ကာ ပထမ ကျပ်သိန်း ၃၀၀၊ ဒုတိယ ကျပ် သိန်း ၂၀၀နဲ့ တတိယ သိန်း ၁၀၀ အပြင် နှစ်သိမ့်ဆု ကျပ်သိန်း ၃၀ ချီးမြှင့်ဖို့ရှိပါတယ်။

ငြိမ်းချမ်းရေးဂီတပွဲတော်ကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ စနေ၊တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသသွားဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013