DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်း စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးဖျန်း
DVB
·
June 24, 2017
ကညွတ်ကွင်း စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးဖျန်း
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့ရှိ စာသင်ကျောင်းတွေမှာ ဇွန်လ ၂၄ ရက်က သွေးလွန်တုပ်ကွေး ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းတာတွေ ပြုလုပ်ပေးနေပါတယ်။

ပညာသင်ကြားနေကြတဲ့ ကလေးသူငယ်တွေ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေဖို့ ရည်ရွယ်ချက်နဲ့ အဆိုပါကျောင်းတွေမှာ ခြင်ဆေးဖြန်းတာလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာန ငှက်ဖျားတိုက်ဖျက်ရေး ဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီနေ့ဆိုရင် လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးလုပ်တာပါ။ လက်ရှိကတော့ ကျောင်းတွေကို မှုတ်တာပါ။ အဓိကရည်ရွယ်ချက်ကတော့ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်တွေရှိနေရင် မျိုးဆက်ဖြတ်လိုက်တဲ့သဘောပေါ့။ ကျောင်းခန်းတွေထဲကိုပဲ မှုတ်တာပါ။ ဆေးတဆနဲ့ ဒီဇယ် ၁၉ ဆစပ်ပြီး မီးခိုးလုပ်ပြီးမှုတ်တာပါ။ အဲဒီမီးခိုးနဲ့ ထိရင်ခြင်တွေဟာ သက်တန်းတိုသွားမယ်။ တချို့ခြင်တွေဆို သေသွားပါတယ်" မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေး ဦးစီးဌာနက ဦးဇော်လင်းမောင်က ပြောပါတယ်။

ကညွတ်အထက (၁) မှကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာခင်က “ဒီလို လာလုပ်ပေးတယ်ဆိုတော့ ကျောင်းသား/သူတွေအတွက်လည်း အရမ်းကောင်းပါတယ် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ခြင်ဆေးဖြန်းတာကို ကညွတ်ကွင်းမြို့ပေါ်ရှိ စာသင်ကျောင်း ၁၃  ကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာန ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့နဲ့ လူမှုအသင်းအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်း ၁၃ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသာစုစုပေါင်း ၅၁၆၉ ယောက်ရှိပါတယ်။ ဖြူးမြို့အတွင်း အခုနှစ်မိုးတွင်းကာလ သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ ကလေးငယ် ၅ ယောက်ရှိခဲ့ပြီး အသက်ဆုံးမှုတော့မရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013