DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်ဆယ်ရေး သရုပ်ပြ (သတင်းဓာတ်ပုံ)
DVB
·
June 24, 2017
နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်ဆယ်ရေး သရုပ်ပြ (သတင်းဓာတ်ပုံ)
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ် နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက် ကယ်ဆယ်ရေး သရုပ်ပြပွဲကို ဇွန် ၂၃ ရက်နေ့က ဝမ်းတွင်းမြို့အလည်ဂိတ်လမ်းဆုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

train1

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် အထက်မြန်မာပြည်နဲ့ ဝမ်းတွင်း မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်အသင်းကြီးက ကြီးမှူး ဖွင့်လှစ်သောသရုပ်ပြပွဲမှာ သဘာဝဘေးအရေးပေါ် တခုခုကြုံခဲ့ပါက အချိန်နဲ့တပြေးညီ နည်းလမ်းတကျ ကူညီဆောင် ရွက်နိုင်ဖို့ လက်တွေ့သရုပ်ပြသခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီနောက် မွန်းလွဲ ၂ နာရီမှာ မြတ်ညီနောင် ဇာတ်ရုံဝန်းအတွင်း သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး သင်တန်းနည်းပြဆရာ/ဆရာမတွေကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းသူ သင်တန်းသားတွေကိုလည်း ပထမ၊ ဒုတိယ၊ တတိယဆုတွေနဲ့ နေရာအလိုက် အကောင်းဆုံးဆုတွေကို ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013