DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး လျှပ်စစ်ခြံစည်းရိုးခတ်ရန် ပစ္စည်းများလှူဒါန်း
DVB
·
June 24, 2017
တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး လျှပ်စစ်ခြံစည်းရိုးခတ်ရန် ပစ္စည်းများလှူဒါန်း
Donate to DVB

တိုက်ကြီးမြို့နယ်၊ ပဲခူးရိုးမတောစပ်မှာနေထိုင်တဲ့ ကျေးရွာတွေမှာ တောဆင်ရိုင်းအန္တရာယ် ကာကွယ်ရေး လျှပ်စစ်ခြံစည်းရိုးခတ်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန SmithsonianInstitution အဖွဲ့တို့ ပူးပေါင်းပြီး ဖလုံဘူတာကျေးရွာအုပ်စု အလယ်မြောင်ကျေးရွာ စပါးစိုက်ဧက ၈၀ အတွက် ဇွန်လ ၂၂ ရက်နေ့က လျှပ်စစ်ပစ္စည်းတွေ လာရောက်လှူဒါန်းခဲ့တယ်လို့ လျှပ်စစ်ခြံစည်းရိုး ခတ်ပေးရေးအဖွဲ့က ဦးခင်မောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ တောဆင်ရိုင်းအန္တရာယ် ကာကွယ်ရေးနဲ့ တောဆင်ရိုင်းနဲ့ လူတို့ထိပ်တိုက်တွေ့ရင် ဘယ်လိုရှောင်ရမလဲဆိုတာတွေကို ကျေးရွာတွေမှာ ဆင်းသွားပြီး အသိပညာပေးပွဲတွေ လုပ်ရင်း တောဆင်ရိုင်းအန္တရာယ်ကာကွယ်ဖို့ လျှပ်စစ်ခြံစည်းခတ်ပြီး ကာကွယ်လို့ရကြောင်း ရှင်းလင်းပြောပြတာတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကတော့ တိုက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာက စပါးစိုက်ဧက ၂၀ ကိုစတင်ပြီး ခြံစည်းရိုးခတ်ပေးတာ အောင်မြင်သွားပါတယ်။ ဒါကြောင့် အခုကျေးရွာတွေက ထပ်ပြီး တောင်းဆိုလာတဲ့အတွက် အခုလိုလာလှူတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ခြံစည်းရိုးခတ်တာကို လုပ်လို့မရသေးပါဘူး။ စိုက်ပျိုးချိန်ဖြစ်တဲ့အတွက် လူနဲ့တိရစ္ဆာန်တွေ ဖြတ်သန်းအသုံးပြုချိန်လေ။ ဒါကြောင့် စိုက်ပျိုးချိန်ပြီးမှ အကောင်အထည်ဖော်လို့ရမှာပါ” လို့ ဦးခင်မောင်ကြီးက ပြောပါတယ်။

နှစ်စဉ်တောဆင်ရိုင်းတွေဝင်လာပြီး စိုက်ခင်းတွေကို ဖျက်ဆီးသလို လူတွေကိုလည်း အန္တရယ်ပေးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရွာကို နှစ်စဉ်တောဆင်ရိုင်းတွေဝင်ပြီး စိုက်ထားတဲ့ စပါး၊ ကြံစိုက်ခင်း၊ ကလောစိုက်ခင်းနဲ့ ငှက်ပျောခင်းတွေကို အမြဲလာပြီး ဖျက်ဆီးစားသောက်တယ်။ ပြီးတော့ လူကိုတွေ့ရင်လည်း အန္တရာယ်ပေးတယ်။ မထင်ရင် လူပါနင်းသတ်တယ်လေ။ ဒီဒုက္ခတွေကို ကျနော်တို့ နှစ်စဉ်ခံစားနေရတာပါ။”

ပြီးခဲ့တဲ့နှစ်က ရွာလေးရွာမှာရှိတဲ့ စိုက်ခင်းဧက ၂၀ ကို လျှပ်စစ်ခြံစည်းခတ်ပေးတာ အောင်မြင်တာကြောင့် သူတို့ရွာကိုလည်း ခြံစည်းရိုးခတ်ပေးဖို့ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူရုံးကို စာတင် တောင်းဆိုခဲ့ကြတာလို့ အလယ်မြောင်ကျေးရွာနေ ဦးချိုက ပြောပါတယ်။

“ကျနော်တို့ ရွာသားတွေ တောင်းရတာပါ။ အခုကျနော်တို့ရွာ စိုက်ခင်းဧက ၈၀ အတွက် ပစ္စည်းတွေ အခုလို လာလှူပေးတာကို ကျေးဇူးတင်ပါတယ်။”

တိုက်ကြီးမြို့နယ် ပဲခူးရိုးမတောစပ်အနီးရှိ ကျေးရွာတွေမှာ နှစ်စဉ်တောဆင်ရိုင်းအန္တရာယ်နဲ့ ကြုံတွေ့နေရပြီး စိုက်ခင်းတွေကို ဝင်ရောက်ဖျက်ဆီးတာ၊ လူတွေကိုအသက်အန္တရာယ်ပေးတာတွေ ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် တရားမဝင်တောဆင်ရိုင်းသတ်တဲ့ ဆင်မုဆိုးတွေကြောင့် တောဆင်ရိုင်းအများအပြား သေဆုံးနေတယ်လို့ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနက သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013