DVB Logo
Home
မြန်မာသတင်း
Y-8 လေယာဉ် ဆယ်ယူခဲ့သည့် ရေငုပ်သမား ကိုသန့်ဇင်ဦး၏ စကားသံ
DVB
·
June 24, 2017
Y-8 လေယာဉ် ဆယ်ယူခဲ့သည့် ရေငုပ်သမား ကိုသန့်ဇင်ဦး၏ စကားသံ
Donate to DVB

၂၀၁၇ ခုနှစ် ဇွန် ၇ ရက်က ပျက်ကျခဲ့တဲ့ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်(Y-8) ရဲ့ အစိတ်အပိုင်းတွေ ဆယ်ယူရာမှာ ပါဝင်ကူညီဆောင်ရွက်ခဲ့တဲ့ အရပ်ဘက်ရေငုပ်အဖွဲ့မှ ရေငုပ်သမားနှစ်ဦးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဆေးကုသပေးမှုအပေါ် ရေငုပ်သမား ကိုသန့်ဇင်ဦးရဲ့ ပြောကြားချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရေငုပ်သမား သန့်ဇင်ဦးရဲ့ပြောပြချက်အပြည့်အစုံ

 

Y-8 လေယာဉ်အမြီးပိုင်းကိုရေထဲမှ စမ်းသပ်ရရှိပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ကိုစောနောင်က အရင်ဆုံးဆင်းပါတယ်။ ရေထဲမှာ ကြိုးတစ်ချောင်းထောက်ပြီးပြန်တက်လာတယ်။ နောက်တစ်ခါလေအိတ် နှစ်လုံးထိုးပေးရမယ့်နေရာကို နောက်တစ်ဆိုင်းဖြစ်တဲ့ ကိုသောင်းနဲ့ကတုံးတို့က ထပ်ဆင်းပြီး လေယာဉ်တောင်ပံနှစ်ခုကို ကြိုးချည်ပြီးပြန်တက်လာတယ်။

အနက်ပေ ၁၂၀ ကျော်လောက်မှာ လုပ်ရတာဖြစ်ပြီး ပထမတစ်ကြိမ်က နာရီဝက်ကျော်လောက်တော့ကြာတယ်။ ကတုံးတို့ပြန်တက်လာပြီး လေအိတ်တွေချမယ်ဆိုတော့ ကျွန်တော်တို့ ဒုတိယအကြိမ်ပြန်ဆင်းပါတယ်။ သင်္ဘောပေါ်ကနေကြိုး ချည်ပေးဦးဆိုတော့ ကျွန်တော်တို့ရေငုပ်ပြီး Black box ကိုသွားရှာတာမတွေ့ဘူး။ ဒါနဲ့ရေထဲ ကနေပြန်တက်လာခဲ့တယ်။

တောင်ပံနှစ်ဖက်ကို ကြိုးတစ်ချောင်းစီချည်ပြီးလေအိတ်ကို တစ်လုံးပြီး တစ်လုံးဆွဲရတယ်။ ကိုစောနောင်ကလည်း တစ်လုံးဆွဲချတယ်။ နောက်တစ်လုံးဆွဲချတဲ့အချိန်မှာ နည်းနည်း ကြာသွားတယ်။ လေအိတ်ကြီးကို ရေထဲယူပြီးတော့ လေယာဉ်တောင်ပံနှစ်ဖက်မှာချည်ပြီး ရေထဲကပြန်တက်လာခဲ့ပါတယ်။

ကျွန်တော်တို့နှစ်ယောက်သင်္ဘောပေါ်ရောက်တော့ ကိုစောနောင်က အင်္ကျီတောင်ချွတ်လိုက်သေးတယ်။ ထမင်းစားမယ်ဆိုပြီး ဗိုက်ဆာလို့ထမင်းခူးနေတုန်း ကျွန်တော့်နောက်က ကိုစောနောင်ပစ်လဲသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်းခြေထောက်နဲ့ လက်ထောက်လို့ မရတော့ပါဘူး။ ခန္ဓာကိုယ်ကကိုက်ခဲလာတယ်။ အဲဒီအခါ သင်္ဘောပေါ်ကလူတွေရောက်လာပြီး နှိပ်နယ်ပေးတော့ လည်းမခံနိုင်ဘူးဖြစ်နေတယ်။ ဒါကိုဒေသခံတွေကရေနာမိတာလို့ပြောပါတယ်။

အဲဒီအတွက် ကျနော်တို့နှစ်ဦးကို ပေ ၆၀ ရေအနက်လောက်မှာ ရေငုပ်သမားအချို့က၀န်းရံပြီး ရေထဲပြန် ဆင်းကြတယ်။ အဲဒီမှာကိုစောနောင်က မျက်စိဖွင့်ကြည့်ပြီး သတိပြန်ရလာတယ်။ လက်တွေ လှုပ်ရှားလာတယ်။ သတိပြန်လည်လာတော့ အပေါ်ကိုခေါ်တင်တဲ့အခါ လှေပေါ်ကို ရောက်တော့သတိမေ့သွားရော၊ ဒါနဲ့နောက်တစ်ခါ ရေထဲကိုပြန်ဆင်းတယ်။ သတိပြန်ရလာပြီး မျက်လုံးတွေဖွင့်ကြည့်တယ်။ လက်လှုပ်ပြတယ်။ ဒါနဲ့အပေါ်ပြန်တက်တဲ့အခါမှာ သတိလစ်နေပြန်ရော၊ ခုနစ်ကြိမ်လောက် အတက်အဆင်းလုပ်တယ်။

လှေပေါ်ရောက်ရင် သတိပြန်မေ့တယ်။ အခြေအနေ မကောင်းတော့ဘူးဆိုပြီး ထားဝယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုစောနောင်က အသက် ၄၅ နှစ်လောက်ရှိပြီးရေငုပ်သက် နှစ် ၂၀ ကျော်နေပါပြီ။

ဒီဖြစ်စဉ်က ရေစီးကြောင်းနှစ်ကြောင်းကြားထဲ ရောက်သွားတယ်လို့ပြောတယ်။ ကျနော်ကတော့ ပထမတကြိမ်ရေထဲဆင်းပြီးကတည်းက သတိပြန်ရလာပြီး အခြေအနေ ကောင်းလာပါတယ်။ ဒီအပေါ်မှာ တပ်မတော်(ရေ)အဖွဲ့တွေကလည်း အားလုံး ပြည့်ပြည့်စုံစုံ လုပ်ပေးပါတယ်။

ကျနော်တို့ ရှာနေတဲ့ Y-8 လေယာဉ်ရဲ့ Black box တွေ့ရင် လေယာဉ်ဘာကြောင့် ပျက်ကျသွားတယ်ဆိုတာသိရမယ်။ သူများနိုင်ငံတွေမှာ လေယာဉ်ပျက်ကျတာ ဘာအစိတ်အပိုင်းမှ ရှာမတွေ့ဘူးလေ။ ဒါကိုကျွန်တော်တို့ အနေနဲ့ကြိုးစားပြီး ရှာဖွေခဲ့ပါတယ်။ ဒီအပေါ်မှာ လုပ်ဖော် ကိုင်ဖက်တစ်ဦး၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားတဲ့အတွက်အရမ်းကိုဝမ်းနည်းရပါတယ်။ ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေကတော့ အခုအခါမှာအားလုံးကောင်းနေပါပြီဟုပြောသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013