DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးအန္တရာယ်အကြောင်း ကျောင်းသားကျောင်းသူ ၆၀၀ ခန့်ကို အသိပညာပေး
DVB
·
June 24, 2017
မူးယစ်ဆေးအန္တရာယ်အကြောင်း ကျောင်းသားကျောင်းသူ ၆၀၀ ခန့်ကို အသိပညာပေး
1 / 4
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် သဖန်းရွာအထက်တန်းကျောင်းခွဲမှာ  ဇွန် ၂၃ ရက်နေ့က ကျောင်းသားကျောင်းသူ ၆၀၀ လောက်ကို မူးယစ်ဆေးအန္တရာယ် အသိပညာပေး ဟောပြောခဲ့ပါတယ်။

မိတ္ထီလာခရိုင် စေတနာဝန်ထမ်းမူးယစ်ကြီးကြပ်ရေးအသင်းခွဲက မူးယစ်ဆေးအန္တရာယ်အကြောင်း အသိပညာပေးခဲ့တာပါ။

စေတနာဝန်ထမ်းမူးယစ်ကြီးကြပ်ရေးအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းရီက "မူးယစ်ဆေးဝါးဟာ အန္တရာယ်ကောင်ကြီး တကောင်လို မြင်ရမယ်၊ လူငယ်တွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေ၊ စွမ်းဆောင်ရည်တွေကို ဖျက်ဆီးပစ်တယ်။ မိသားစုတစုထဲက တယောက် မူးယစ်ဆေးစွဲရင် တမိသားစုလုံး ဒုက္ခရောက်စေတယ်။ မူယစ်ဆေး စွဲသွားရင် မသုံးရမနေနိုင်တော့လို့ မိသားစုက ပိုက်ဆံမပေးတော့ သူခိုး၊ ဓားပြတွေ လုယက်မှုတွေဖြစ်စေတယ်၊ မူးယစ်ဆေးကြောင့် ဘာမှမ သိမမြင်တော့ပဲ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဆိုတဲ့ ရောဂါတွေပါဖြစ်လာမယ်၊ လူညွန့်တုံး သွားစေတယ်" လို့ ပြောပြပါတယ်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိန်စိန်လှိုင်က "မကောင်းသောအရာမှာ မွေ့လျော်တတ်တဲ့ စိတ်ကို ထိန်းချုပ်နိုင်ရမယ်၊ မူးယစ်ဆေးဝါးဟာ မကောင်းမှုတခု ဖြစ်တယ်။ တခါစမ်းသပ်ရုံနဲ့ တသက်လုံး ဒုက္ခရောက်စေတယ်" လို့ ပြောပါတယ်။

အသိပညာပေးပွဲတက်ရောက်ခဲ့တဲ့ သဖန်းရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းက "အခုလို မူးယစ်ဆေးဝါးဟာ အန္တရာယ်ရှိနေတဲ့အရာ လူငယ်တွေ အသက်သေဆုံးစေတဲ့အထိ ဖြစ်စေတယ်၊ မူးယစ်ဆေးဝါးသမိုင်းကြောင်းတွေ၊ သာဓကတွေ၊ လက်တွေ့ဘဝ ဖြစ်နေတာတွေ ကို မျက်စိထဲ မြင်လာအောင် ပြောပြပေးတာ သိပ်ကောင်းပါတယ်" လို့ ပြောပါတယ်။

ဆယ်တန်းကျောင်းသား အောင်စိုးမိုးက "အဆိုးဖြစ်စဉ်တခုဟာ တခုတယောက်တည်း မလာဘူး၊ အုံနဲ့ကျင်းနဲ့ လာပြီး ဒုက္ခပေးတတ်တယ်။ အဲတာကြောင့် မူးယစ်ဆေးဝါးက အန္တရာယ်ကောင်ဖြစ်တယ်၊ ဒုက္ခကို အုပ်စုဖွဲ့ ခေါ်လာတတ်တဲ့ အကောင်အဖြစ် နားလည်မိတယ်" လို့ ပြောပါတယ်။

စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးအသင်းကို ၂၀၀၂ ခုနှစ်က စတင်ထူထောင်ပြီး မူးယစ်သံသရာ ကင်းဝေးရေး စေတနာနဲ့ ကြီးကြပ်ပေး ဆိုတဲ့ ဆောင်ပုဒ်နဲ့ လုပ်ဆောင်လာခဲ့တဲ့ အသင်းဖြစ်ပါတယ်။

မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်မယ်၊ ကုသမယ် ဆိုရင်လည်း ၇၃လမ်း/၁၀လမ်းနဲ့ ၁၁ လမ်းကြား မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးစခန်းမှာ လာရောက်ကုသနိုင်တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013