DVB Logo
Home
မြန်မာသတင်း
မိုင်းတုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး အသိပညာပေးမှုများ ပြုလုပ်
DVB
·
June 24, 2017
မိုင်းတုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး အသိပညာပေးမှုများ ပြုလုပ်
1 / 6
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကလေးငယ် ၁၂ ယောက်မှာ သွေးလွန်တုပ်ကွေးရောဂါးပိုး တွေ့ရှိခဲ့လို့ မြို့နယ်အတွင်း ရောဂါမဖြစ်ပွားရေး အသိပညာပေးမှုတွေ ပြုလုပ်နေပါတယ်။

သွေးလွန်တုပ်ကွေးရောဂါပိုး စစ်ဆေးတွေ့ရှိတာကြောင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနကဦးဆောင်ပြီး ဒီနေ့မနက်ပိုင်းက မိုင်းတုံမြို့ပေါ်ရပ်ကွက် ၃ ခုမှာ သွေးလွန်တုပ်ကွေး ခြင်ပေါက်ပွားမှု ကာကွယ်နှိမ်နင်းဖို့ ဆေးဖြန်းတာတွေနဲ့ အသိပညာပေးမှုတွေ အိမ်တိုင်ရာရောက် ဆောင်ရွက်နေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

"ဆေးရုံတက်ကလေး ၁၂ ယောက်ကို သွေးစစ်ကြည့်တော့ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှ်ိခဲ့လို့ ပြည်နယ်ကျန်းမာရေးဦးစီးမှူးကို တင်ပြခဲ့တာ။ သွေးလွန်တုပ်ကွေး ဧရိယာသတ်မှတ်ပြီး တစ်မြို့လုံးခြင်နှိမ်နှင်းရေး block spray ဆောင်ရွက်ဖို့ ပြောတာနဲ့ ခုလိုကြိုတင်ဆောင်ရွက်တာပါ" လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သက်ခိုင်မင်းက ပြောပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ပွားနေတဲ့ ကလေးငယ် ၁၂ ဦးကို အသက်အန္တရာယ်မထိခိုက်ရအောင် ကုသပေးနိုင်ခဲ့ပြီး မိုင်းတုံမြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၀၀၀ လောက်ကို အဖွဲ့ငယ်တွေခွဲကာ ရေကြည်ရေသန့်ထည့် သိုလှောင်ထားတဲ့ ရေအိုးရေပုံး ရေကန်တွေမှာ ဆေးဖြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

"ကလေးငယ်တွေ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ကာကွယ်နှိမ်နှင်းရေး ခုလို မြို့လူထု လှုပ်ရှားဆောင်ရွက်ရာမှာ ပါဝင်ခွင့်ရတာကြောင့် ဝမ်းသာပါတယ်။ ကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်ချက်လည်း ဖြစ်ပါတယ်"လို့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ပြောပါတယ်။

မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတွေနဲ့အတူ မြို့ပေါ်ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ လူမှုကူညီရေးအသင်း၊ သွေးလှူရှင်အသင်း၊ မြို့နယ်ကြက်ခြေနီအသင်းတို့နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းအင်အား ၁၅၀ လောက်နဲ့ အဖွဲ့ငယ်တွေခွဲကာ တအိမ်တက်ဆင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အောင်ဇေယျ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013