DVB Logo
Home
မြန်မာသတင်း
ဇနီးအိမ်ပေါ်ကဆင်းသွားသဖြင့် ခင်ပွန်းဖြစ်သူ အဆိပ်သောက်သတ်သေ
DVB
·
June 24, 2017
ဇနီးအိမ်ပေါ်ကဆင်းသွားသဖြင့် ခင်ပွန်းဖြစ်သူ အဆိပ်သောက်သတ်သေ
Donate to DVB

ဧရာဝတီတိုင်းဒေကြီး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ ဇွန် ၂၃ ရက် ညနေ ၃နာရီလောက်က အမျိုးသားတဦး ပိုးသတ်ဆေးရည်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အမှု ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသွားသူဟာ  ထူးကြီးမြို့ အမှတ် ၅ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၅နှစ်အရွယ် ဦးမြင့်ဆွေဆိုသူဖြစ်ပြီး ပထမအိမ်ထောင်သေဆုံးသွားပြီးနောက်  နောက်အိမ်ထောင်ပြု ထားသူဖြစ်တယ်လို့ ထူးကြီးမြို့ စခန်းမှူး ရဲအုပ်ရွှေအေးကပြောပါတယ်။

“အဲနောက်အိမ်ထောင်နဲ့က ကျန်ခဲ့တဲ့ ရက်ပိုင်းက စကားများရန်ဖြစ်တယ်။ အမျိုး သမီးအိမ်ပေါ်က ဆင်းသွားတာကို သူရှာမရတော့ ခုလို ပိုးသတ်ဆေးသောက်ပြီး အဆုံးစီရင်သွားတာပါ။ သူအိမ်မှာ တယောက်ထဲရယ်၊ စာ၎ မျက်နှာလောက်ရေးထားခဲ့တယ်လေ။ စာမှာက မခင်စော ခင်ဗျားဘယ်တော့မှ ကိုမြင့်ဆွေကို မမြင်ရစေဘူး။ ခုခင်ဗျား စိတ်နဲ့ပဲ ကျနော် အဆုံးသတ်လိုက်ပါပြီ။ စတဲ့စာ ၄မျက်နှာရေးထားခဲ့ပါတယ်" လို့ ပြောပါတယ်။

ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထူးကြီးမြို့စခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၇ နဲ့ သေမှုသေခင်းဖွင့်ပြီး ရဲလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013