DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် လူကိုဝိုင်းဝန်းထိုးကြိတ်ပြီး ဆိုင်ကယ်လုယက်
DVB
·
June 24, 2017
ညောင်လေးပင်တွင် လူကိုဝိုင်းဝန်းထိုးကြိတ်ပြီး ဆိုင်ကယ်လုယက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်း တော်ဝိကျေးရွာနားမှာ ဇွန် ၂၃ ရက် ည ၈ နာရီလောက်က လူကိုရိုက်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပဲခူးကနေ ကျောက်ကြီးမြို့ကို မောင်စောဂျိန်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ညောင်လေးပင်မြို့အထွက်မှာ ဆိုင်ကယ်တစီးနဲ့ လူသုံးယောက် နောက်ကလိုက်လာပြီး တော်ဝိကျေးရွာနားအရောက်မှာ တယောက်လူကြုံ လိုက်ပါရစေလို့ပြောပြီး မောင်းနေတဲ့ဆိုင်ကယ် ရှေ့မှပိတ်ရပ်ကာ ဝိုင်းထိုးကြိတ်ပြီး ဆိုင်ကယ်နဲ့ ခရီးဆောင်အိတ်ကိုပါ လုယူခံလိုက်ရတာ ဖြစ်ပါတယ်။

မောင်စောဂျိန်းက “ကျနော့်နောက်ဆိုင်ကယ်တစီးနဲ့ လူသုံးယောက်လိုက်လာပြီး ကျနော့်ကို ခဏရပ်ပေးပါဦး။ လူသုံးယောက်ဖြစ်နေလို့ တယောက်လူကြုံလိုက်ပါရစေဦးဆိုပြီး ရှေ့ကပိတ်ရပ် ၀ိုင်းပြီးရိုက်နှက် ထိုးကြိတ်ပြီး ဆိုင်ကယ်နဲ့ ပါလာတဲ့အိတ်ကိုပါ လုယူသွားတယ်။ ပိုက်ဆံ ၄ သောင်းလောက်နဲ့ မှတ်ပုံတင်ပါသွားတယ်။ ဆိုင်ကယ်က ၁၅ သိန်းလောက် တန်တယ်။ ဒါကြောင့် မိတ်ဆွေတွေကို အကြောင်းကြားပြီး ညောင်လေးပင် မြို့မရဲစခန်းမှာ သွားရောက်ပြီး တာဝန်မှူး တာဝန်ကျနေတဲ့ ဒုရဲအုပ်ဦးကြည်လွင်ဆီမှာ အမှုဖွင့်တိုင်တန်းခဲ့ပြီး လုယူသွားတဲ့ သူများကျကျန်ခဲ့တဲ့ သက်သေခံဖိနပ်ကို ပေးအပ်ခဲ့တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ညောင်လေးပင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇော်မိုးက “လောလောဆယ်သူတို့ အကြောင်းကြားထားလို့ ညကစုံစမ်းထားတာတော့ရှိတယ်။ ဒီနေ့မနက် သူတို့အမှုဖွင့်လား မဖွင့်လား မသိသေးဘူး။ ကျနော်တို့ကတော့ လိုက်စုံစမ်းနေတုန်းပဲ” လို့ ပြောပါတယ်။

ညောင်လေးပင်မြို့မှာ အခုဖြစ်စဉ်အပါအဝင် လုယက်မှု ၄ ကြိမ်ရှိပြီး ဆိုင်ကယ်လုတာ ၂ ကြိမ်၊ ဆွဲကြိုးဖြတ်လုတာ ၁ ကြိမ် နဲ့ ပိုက်ဆံအိတ်လုယူတာ ၁  ကြိမ်ရှိပြီး အခုချိန်ထိလုယူသွားတဲ့ တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013