DVB Logo
Home
မြန်မာသတင်း
အရှင်ဂမ္ဘီရကို အာဏာစက်ဖြင့်​ အ​ရေး​ယူ​တော့​မည်ဟုဆို
DVB
·
February 20, 2012
အရှင်ဂမ္ဘီရကို အာဏာစက်ဖြင့်​ အ​ရေး​ယူ​တော့​မည်ဟုဆို
Donate to DVB

အရှင်ဂမ္ဘီရကို ဓမ္မစက်နဲ့​ ​ဆောင်ရွက်လို့​ မဖြစ်နိုင်တာ​ကြောင့်​ အာဏာစက်နဲ့​ ဥပ​ဒေ​ကြောင်း​အရ အ​ရေး​ယူမယ်လို့​ ​ဖေ​ဖော်ဝါရီ ၁၉ ရက်​နေ့​ထုတ် မြန်မာ့​အလင်း​သတင်း​စာမှာ ​ရေး​ထား​ပါတယ်။

[caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"][/caption]

အရှင်ဂမ္ဘီရဟာ ​ထောင်က​နေ ပြန်လွှတ်လာတဲ့​အခါမှာ သံဃာမဟာနာယက ဆရာ​တော်​တွေဆီမှာ ခွင့်​မပန်ဘဲ သင်္ကန်း​ပြန်ဝတ်ထား​၊​ ချိတ်ပိတ်ထား​တဲ့​ သင်္ဃန်း​ကျွန်း​မဂ္ဂင်​ကျောင်း​တိုက်ကို ကျူး​ကျော်​နေထိုင်ခြင်း​၊​ ​သော့​တွေကို ရိုက်ဖျက်ခဲ့​ခြင်း​တို့​ကြောင့်​ အ​ရေး​ယူဖို့​ စီစဉ်​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။

 ​ရွှေဝါ​ရောင်​တော်လှန်​ရေး​​ ဦး​ဆောင် သံဃာတပါး​ဖြစ်တဲ့​ ဦး​ဂမ္ဘီရဟာ က​လေး​မြို့​ အကျဉ်း​ထောင်မှာ ​ထောင်ဒဏ် ၆၃ နှစ် ချခံထား​ရာက​နေ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ မကြာ​သေး​ခင်ကမှ ပြန်လွတ်လာတာပါ။ အခုလ ၁၀ ရက်​နေ့​က အရှင်ဂမ္ဘီရကို အာဏာပိုင်​တွေက ​ခေတ္တ​ခေါ်​ဆောင်သွား​ပြီး​၊​ သံဃာမဟာနာယကရဲ့​ ဩဝါဒခံယူခိုင်း​ခဲ့​ပါတယ်။

ဒီလို​တွေ့​ဆုံတဲ့​အခါမှာ အရှင်ဂမ္ဘီရက သံဃမဟာနယက အဖွဲ့​ကို အချက် (၁၀) ချက် ​လျှောက်ထား​ခဲ့​ပြီး​၊​ ​ထောင်က လွှတ်ပြီး​ သံဃမဟာနယက အဖွဲ့​ဆီမှာ သင်္ကန်း​ဝတ်ခွင့်​ ​လျှောက်ထား​ဖို့​ ကိစ္စဟာ မလိုအပ်တဲ့​ ကိစ္စဖြစ်တယ်၊​ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟကို သာဓု ဗုဒ္ဓတက္ကသိုလ်က​နေ နှင်ထုတ်တဲ့​ ကိစ္စကို ကန့်​ကွက်တယ်၊​ ​ထောင်ချခံခဲ့​ရတဲ့​ ရဟန်း​တွေ လွတ်​မြောက်​အောင် သံဃမဟာနယကအဖွဲ့​က မ​ဆောင်ရွက်​ပေး​တာကို ကန့်​ကွက်တဲ့​အ​ကြောင်း​တွေ ​ဖော်ပြထား​တယ်လို့​ မြန်မာ့​အလင်း​သတင်း​က ဆိုပါတယ်။

ဒီစွပ်စွဲချက်​တွေနဲ့​ပတ်သက်လို့​ အရှင်ဂမ္ဘီရကို ဖုန်း​ဆက်သွယ်လို့​ မရပါဘူး​။

ဖေ​ဖော်ဝါရီ ၁၇ ရက်​နေ့​အထိ အရှင်ဂမ္ဘီရ သီတင်း​သုံး​ခဲ့​တဲ့​ သင်္ဃန်း​ကျွန်း​ မဂ္ဂင် ​ကျောင်း​ထိုင် ဆရာ​တော် ဦး​ဣိန္ဒက က အ ခုကိစ္စဟာ မဖြစ်သင့်​ မဖြစ်ထိုက်တဲ့​ ကိစ္စလို့​ မိန့်​ပါတယ်။

“ဒါက​တော့​ ဦး​ဇင်း​အတွက်လည်း​ မ​ကောင်း​ဘူး​ပေါ့​ဗျာ။ အစိုး​ရအဖွဲ့​ကလည်း​ ဦး​ဂမ္ဘီရကို ဖမ်း​မယ်ဆီး​မယ်ဆိုရင် မ​ကောင်း​ဘူး​ပေါ့​။ အမှန်က ​ပြေလည်​အောင် ​ဆွေး​နွေး​လို့​ရပါတယ်။ ဦး​ဂမ္ဘီရက ရဟန်း​ပျိုတဦး​အ​နေနဲ့​ ​ပေါက်ကွဲ​နေမှာ​ပေါ့​။ ”

သံဃမဟာနယကက အရှင်ဂမ္ဘီရကို ဆုံး​မလို့​ မရ​တော့​လို့​ အရပ်ဘက်က တရား​စွဲတဲ့​အ​နေအထား​မျိုး​ ​ရောက်မ​ရောက်ဆိုတာနဲ့​ ပတ်သက်ပြီး​ ဆရာ​တော်က အခုလို မိန့်​ပါတယ်။

“အဲဒီလို​တော့​ ​ရောက်မယ်မထင်ဘူး​ဗျာ။ ဘာဖြစ်လို့​လဲဆို​တော့​ ဆရာ​တော်က အဲဒီလို အ​နေအထား​ရောက်​အောင် လုပ်မယ့်​သူမျိုး​ မဟုတ်ပါဘူး​။ ဆုံး​မရုံပဲ ဆုံး​မမှာ​လေ။ ဆုံး​မလို့​ နာခံလို့​ရှိရင် ​ကောင်း​ကောင်း​မွန်မွန် သွား​မှာ​ပေါ့​။ တကယ်လို့​ အဆုံး​အမကို ဦး​ဂမ္ဘီရ အ​နေနဲ့​ ဆန့်​ကျင်ခဲ့​တယ်ဆိုရင် ငါတို့​တာဝန်​ကျေပြီ။ အဲဒီလိုမျိုး​သွား​မှာပဲ။”

“အခုအ​နေအထား​က ဒီမိုက​ရေစီ နိုင်ငံလိုလို၊​ အာဏာရှင် နိုင်ငံလိုလို ဖြစ်​နေတဲ့​ ဦး​ဇင်း​တို့​နိုင်ငံမှာ​တော့​ ​အောက်​ခြေ​တွေမှာ သူတို့​ လုပ်ချင်တာ လုပ်လို့​ ရ​နေတယ်။ ဥပ​ဒေ စိုး​မိုး​ရေး​ အား​နည်း​နေ​သေး​တဲ့​ အတွက်​ကြောင့်​ ဒီဟာ​တွေက နည်း​နည်း​လေး​ ပြဿနာရှိ​သေး​တယ်။ ​နောက် ဦး​ဂမ္ဘီရကို အငြိုး​ကြီး​ကြီး​နဲ့​ ​နောက်က​နေ အငြိုး​ဖွဲ့​နေတဲ့​ပုံစံမျိုး​လို့​ မြင်တယ်။ ဦး​ဂမ္ဘီရရဲ့​ လှုပ်ရှား​မှုကို အန္တရာယ်ကြီး​ တခုလို မြင်​နေရင်​တော့​ မ​ကောင်း​ဘူး​ပေါ့​။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013