DVB Logo
Home
မြန်မာသတင်း
ရွှေညဝါ ဆရာ​တော် စာသင်တိုက်ကို စွန့်​ခွာ
DVB
·
February 19, 2012
ရွှေညဝါ ဆရာ​တော် စာသင်တိုက်ကို စွန့်​ခွာ
Donate to DVB

ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟက ဒီက​နေ့​ကြည့်​မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်က ထွက်ခွာခဲ့​ပါတယ်။

[caption id="attachment_21417" align="alignleft" width="300" caption="​ရွှေညဝါဆရာတော်ကို တပည့်တကာတွေနဲ့အတူ ​တွေ့ရစဉ် (ဓာတ်ပုံ - ​အောင်ကြီး​)"][/caption]

ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟဟာ ဒီက​နေ့​ ​နေလယ် ဆွမ်း​စား​ပြီး​ချိန်မှာ ကြည့်​မြင်တိုင်မြို့​နယ် သာဓုပရိယတ္တိစာသင်တိုက်က​နေ ​မှော်ဘီ သဲအင်း​ဂူနား​ကို ​ပြောင်း​ရွှေတဲ့​အခါမှာ တပည့်​ သံဃာနဲ့​ ဒါယိကာ​တွေ မိန့်​ကြား​ခဲ့​တာနဲ့​ ပတ်သက်ပြီး​ ဒကာ တဦး​ဖြစ်တဲ့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က အခုလို ​ပြောပါတယ်။

“သူတို့​ ငိုကြ​တော့​ ဆရာ​တော်ကြီး​က မငိုနဲ့​တဲ့​။ ငါက လူဝတ်လဲရတာလည်း​ မဟုတ်ဘူး​။ ​ထောင်ထွက်ရတာလည်း​ မဟုတ်ဘူး​ပေါ့​။ မင်း​တို့​တွေ့​ချင်ရင် ငါနဲ့​ အမြဲတမ်း​တွေ့​ နိုင်တာပဲတဲ့​။ ငါလည်း​ မကြာခဏ ဒီကိုကြွမှာပါတဲ့​။ မငိုကြဘဲနဲ့​၊​ ငိုမယ့်​အစား​ မျက်ရည်​တွေကို ခွန်အား​အဖြစ် ​ပြောင်း​ပြီး​တော့​ ​နောက်ထပ် တက္ကသိုလ်ကြီး​ ထူ​ထောင်နိုင်​အောင် ကြိုး​စား​ကြပါဆိုပြီး​ သူ့​ရဲ့​ တပည့်​ သီလရှင်​တွေ၊​ သံဃာ​တော်​တွေ၊​ ပုဂ္ဂိုလ်​တွေကို မိန့်​ကြား​ပါတယ်။ မကြာခင် သာသနာ့​ တက္ကသိုလ်ကြီး​တခုကို ပြန်လည်ထူ​ထောင်မယ့်​ အ​ကြောင်း​လည်း​ ​ပြောပါတယ်။”

ရွှေညဝါ ဆရာ​တော်ဟာ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​ရဲ့​ ဆုံး​ဖြတ်ချက်အရ သာဓုပရိယတ္တိစာသင်တိုက်က​နေ စွန့်​ခွာလာခဲ့​ရတာပါ။

ရွှေညဝါဆရာ​တော်ဟာ ​ရှေ့​ဆက်လုပ်ရမှာ​တွေကို မိန့်​မှာခဲ့​တယ်လို့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။

“သူက အမျိုး​၊​ ဘာသာ၊​ သာသနာအတွက် အမြဲတမ်း​လုပ်​နေမှာပဲတဲ့​။ ဒီလိုလုပ်တဲ့​အတွက် ဖြစ်လာသမျှကို ဆရာ​တော်အ​နေနဲ့​ ရဲရဲရင့်​ရင့်​ လုပ်​ဆောင် ရင်ဆိုင်သွား​မယ့်​အ​ကြောင်း​ ​ပြောပါတယ်။ ​နောက်တခါ အမျိုး​သား​အ​ရေး​ကို မြတ်စွာဘုရား​၊​ ဘုရား​အ​လောင်း​တို့​ လုပ်​ဆောင်ခဲ့​တဲ့​ လမ်း​စဉ်အတိုင်း​ ဆက်လက် ကျင့်​ကြံ အား​ထုတ်သွား​မှာ ဖြစ်တဲ့​အတွက် ဆရာ​တော်အ​နေနဲ့​ ဘာမဆို ရင်ဆိုင်သွား​မယ်ဆိုတဲ့​အ​ကြောင်း​ မိန့်​ပါတယ်။ သာသနာပြု လုပ်ငန်း​တွေကိုလည်း​ ဘယ်​တော့​မှ ရပ်တန့်​မသွား​မယ့်​အ​ကြောင်း​ မိန့်​ပါတယ်။”

သာဓုပရိယတ္တိ စာသင်တိုက်မှာ ​ကျောင်း​နေ စာသင်သား​သံဃာ အပါး​ ၂၅၀ ​လောက်ရှိပြီး​တော့​ အပြင်က​နေလာ​ရောက်သင်ယူသူ သံဃာနဲ့​သီလရှင် အပါး​ ၁၀၀၀ ​ကျော်ရှိ​နေပါတယ်။

ကျောင်း​ရဲ့​ ​နောက်ဆုံး​အ​ခြေအ​နေကို ကိုကိုကြီး​ (စမ်း​ချောင်း​) က “​လော​လောဆယ်​တော့​ လက်​ထောက် ဆရာ​တော် ဦး​တေဇနိယက ဆက်လက် အုပ်ချုပ်​နေပါတယ်။ ကထိက​တွေ၊​ စာသင်၊​ စာချ ဆရာ​တော်​တွေ ရှိပါတယ်။ ​ကျောင်း​ဆက်ဖွင့်​ခွင့်​ ရလား​၊​ မရဘူး​လား​ဆိုတာ​တော့​ မသိ​သေး​ပါဘူး​။ အကယ်၍ ​ကျောင်း​ကို တက္ကသိုလ်ကြီး​အဖြစ် ဆက်ဖွင့်​ခွင့်​မရဘူး​ဆိုလည်း​ ဒီ နှစ်ဝက်ကို​တော့​ သည်း​ခံကြဖို့​ ​ပြောပါတယ်။ ​နောက် နှစ်ဝက်မှာ သံဃာ​တွေ၊​ သီလရှင်​တွေကို ​နေရာ ဌာနတခုကို စီစဉ်ပြီး​တော့​ စာ​ပေ၊​ ပရိယတ္တိ​တွေကို ဆက်လက်ပို့​ချသွား​မယ်လို့​ မိန့်​ပါတယ်။”

ဆရာ​တော်ကို တပည့်​ သံဃာ၊​ ဒါယိကာ​တွေ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေက ​မှော်ဘီ ယာယီ​ကျောင်း​အထိ လိုက်ပါ ပို့​ဆောင်ခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013