DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် အမျိုးသားတဦး တူမီးသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေ
DVB
·
June 23, 2017
တာချီလိတ်တွင် အမျိုးသားတဦး တူမီးသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေ
Donate to DVB

တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာမှာ အမျိုးသားတဦး တူမီးသေနတ်နဲ့ မိမိကိုယ်ကိုယ် သတ်သေမှုတခု  ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ် နာရေးကူညီမှုအသင်းက ပြောပါတယ်။

"ဖြစ်စဉ်ကတော့ သတ်သေတဲ့သူက နည်းနည်းကြောင်တောင်တောင်ဖြစ်နေတာလို့ သူ့မိသားစုဝင်တွေကပြောတယ်။ ဒီနေ့မနက် ကားပျက်နေတာ မိန်းမဖြစ်သူက သွားကြည့်နေချိန်မှာ အိပ်ယာထဲမှာပဲ တူမီး လုပ်သေနတ် (အတို)နဲ့ ကိုယ်ကိုယ်ကိုယ် ပစ်သတ်သေသွားတာပါ" လို့ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောပါတယ်။

သေဆုံးသူမှာ အရက်ကြောင်၊ ဆေးကြာင်နေကာ စိတ်ကျဝေဒနာခံစားနေရသူဖြစ်နိုင်ပြီး မိသားစုဝင်တွေကိုလည်း နေ့စဉ် နိုပ်စက်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တာချီလိတ် မြို့မရဲစခန်းက သေဆုံးရတဲ့အကြောင်းအရင်းကို သိနိုင်ဖို့ မှုခင်းဆရာဝန်ထံ ပေးပို့ စစ်ဆေးထားပြီး သေမှုသေခင်း အမှတ်စဉ်(၂၈/၂၀၁၇) အရ အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရပါတယ်။

(ကိုဇက်၊ တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013